အဆိုတော် နေဝင်းကတော့ နှစ်ပေါင်းများစွာကြာအောင် အတူလက်တွဲခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ ရှိုးပွဲစင်မြင့်ထက်မှာ ချစ်သူကို Surprise လုပ်ကာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေဝင်းကတော့ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။ ပြီးခဲ့လပိုင်းကပဲ နေဝင်းတို့စုံတွဲလေးက နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးပြီး လက်ထပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nay Win's FB Acc
Photo Credit-Nay Win's FB Acc
Photo Credit-Nay Win's FB Acc

အမှတ်တရနေ့လေးမှာ မင်္ဂလာဆောင်ရန် စီစဥ်ထားခဲ့တဲ့ နေဝင်းတို့ဇနီးမောင်နှံက Covid 19 အခြေအနေကြောင့် မင်္ဂလာပွဲကိုရက်ရွှေ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေဝင်းက "Pre Wedding ပုံတွေ ကြည့်ချင်တဲ့သူတွေအတွက် တစ်စုံအမြည်း စိတ်ရှည်လက်ရှည်နဲ့ လှလှလေးတွေရိုက်ပေးတဲ့ @studio a ကိုလည်းကျေးဇူးပါ... မင်္ဂလာဆောင်ခါနီး တစ်ပြုတ်ထပ်တင်အုံးမယ် "ဆိုပြီး သူတို့ဇနီးမောင်နှံရဲ့ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Ye Htut Photography
Photo Credit-Travel Kueen's FB Page
Photo Credit-Nay Win's FB Page & Studio A

ဒါ့အပြင် နေဝင်းရဲ့ချစ်ဇနီးလေး အိမ့်ချစ်ချောကလည်း " Pre wedding ပုံလေးတွေ ထပ်ကြည့်ချင်တဲ့သူတွေအတွက်...ဒါကကိုယ့်အကြိုက် ပန်းရောင်လေး ပန်းရောင်လိုက်ဝတ်ပေးတဲ့ ဦးနေဝင်းကိုလည်း ကျေးဇူးပါ ချောတို့ရဲ့ ရန်ကုန်မှာရိုက်တဲ့ Pre wedding Indoor/ Outdoor ပုံတွေ အကုန်လုံးကို ကူညီပြီး စိတ်တိုင်းကျအောင် လှလှလေးရိုက် ၊ ပြင်ပေးတဲ့ Studio A ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် အရမ်းကြိုက်တဲ့ပုံလေးတွေကိုတော့ မင်္ဂလာဆောင်နီးမှထပ်ပြမယ်နော် "ဆိုပြီး တင်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေဝင်းတို့ဇနီးမောင်နှံရဲ့ Pre Wedding ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Nay Win's FB Page & Travel Kueen's FB Page

Photo Credit-Travel Kueen's FB Page & Studio A
Photo Credit-Travel Kueen's FB Page & Studio A
Photo Credit-Nay Win's FB Page & Studio A

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။