မင်းသမီးချောလေး နန်းဆုရတီစိုး ဟာ အနုပညာလမ်းခရီးမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ နေရာတစ်နေရာကိုအကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ နန်းဆုရတီစိုး ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူမက အဆိုပိုင်းမှာလည်း ထူးခြားတဲ့ အသံလေးတွေနဲ့ အဆိုကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပျိုမဒီလေးတွေ သဘောကျကြိုက်နှစ်သတ်တဲ့ ဖက်ရှင်မျိုးစုံကို ဝတ်ဆင်လေ့ရှိ တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Nansu Yati Soe
Photo Credit - Nansu Yati Soe

နန်းဆုရတီစိုး ဟာဆိုရင် ဖြူဖွေးလှပတဲ့ အသားအရည်လေးတွေအပြင် ကျစ်လှစ်သွယ်လျတဲ့ ကိုယ်ခန္ဓာလေးကိုလည်း ပိုင်ဆိုင်ထားကာ ဂျပန်မလေးတစ်ယောက်လို လှရက်လွန်းသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နုပျိုလှပနေတဲ့ ပင်ကိုယ်အလှတရားတွေ ကလည်း ဆယ်ကျော်သက်တွေတောင် အရှုံးပေးရလောက်ပါတယ်။ ယခုမှာဆိုရင်လည်း နန်းဆုရတီစိုးက မြင်သူတိုင်းချစ်အားပိုစေမယ့် သူမရဲ့ အပန်းဖြေခရီးသွားရင်း ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nansu Yati Soe
Photo Credit - Nansu Yati Soe

ဒီပုံလေးတွေထဲမှာတော့ ရိုးရှင်းအေးချမ်းလှတဲ့ ဖက်ရှင်ဝတ်လေကို ဝတ်ကာ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ပါဝင်တဲ့ ရိုးရာအမွေအနှစ်တွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နန်းဆုရတီစိုး က " အိုဘယ်လို မင်းက ကိုယ်ကြိုးဆွဲရာကမယ့် ကိုယ့်ရဲ့ရုပ်သေးရုပ်လေးဖြစ်ချင်တာတဲ့လား " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ရင်ခုန်အောင် ဖမ်းစားထားတဲ့ နန်းဆုရတီစိုး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nansu Yati Soe

Photo Credit - Nansu Yati Soe

Source- Nansu Yati Soe' Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။