ထက်ထက်မိုးဦးကတော့ အကယ်ဒမီဆုတွေအများကြီးကို သိမ်းပိုက်ခဲ့ပြီး တစ်ခေတ်မှာ ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ထပ်ထက်က ရုပ်ရှင်ဇာတ်ကောင်းပေါင်းများစွာမှာ နေရာယူခဲ့ပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေက ထိမိပိုင်နိုင်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံလာကြတာ ယနေ့ခေတ်အထိဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးက အခုနောက်ပိုင်းမှာ အနုပညာအလုပ်လေးတွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပြီး ခန္ဓာကိုယ်လေးပြည့်လာတာကလွဲလို့ ကျန်တဲ့အလှအပတွေကတော့ ဟိုးအရင်တုန်းကအတိုင်းပဲဖြစ်ပါတယ်။ထက်ထက်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေ၊စိတ်သဘောထားပြည့်ဝပုံလေးတွေကလည်း ပရိသတ်တွေကို ပိုပြီးချစ်မဝဖြစ်စေတာဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးက ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေနဲ့အတူ အမြဲပျော်ရွှင်စွာ နေထိုင်တတ်ပြီး ဘဝကိုရိုးရိူရှင်းရှင်းဖြတ်သန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ရတဲ့သူငယ်ချင်းနဲ့အတူ အပြင်မှာ ညစာထွက်စားကြပြီး ပျော်ရွှင်နေတာပါ။ထက်ထက်ကတော့ ဂျပန်အစားအစာတွေကို အားရပါးရစားနေပြီး ချစ်ဖို့ကောင်းနေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

Source&Photo Credit:Htet Htet Moe Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။