မင်းသမီးချောလေး ခေးဆက်သွင် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမကတော့ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်း သတိထားမိကာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ ခေးဆက်သွင်က ကြော်ငြာတွေအပြင် photo shootingတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo & Video Credit - Khay Sett Thwin
Photo & Video Credit - Khay Sett Thwin

ခေးဆက်သွင် ဟာဆိုရင် အသည်းယားစရာကောင်းတဲ့ အပြုံးချိုချိုလေးတွေအပြင် သွယ်လျကျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် ချစ်စရာပုံရိပ်လေးတွေ အမြဲမျှဝေပေးတာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ခေးဆက်သွင် က ကြည့်မိသူတိုင်း ချစ်အားပိုစေလောက်မယ့် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယို လေးကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Khay Sett Thwin
Photo & Video Credit - Khay Sett Thwin

ဒီ ဗီဒီယိုလေးထဲမှာတော့ ခေးဆက်သွင် က မြန်မာဆန်ဆန် ဝတ်စုံလေးကိုဝတ်ကာ မတူညီတဲ့ အိုက်တင်မျိုးစုံ ရင်ခုန်စရာကောင်းအောင် ဆော့ကစားထားတာ ဖြစ်ပါတယ် ။ မင်းသမီးချောလေး ခေးဆက်သွင် ကို အရင်ကထပ် ပိုပို ချစ်ပေးပါဦးနော်... ။ ကဲ...ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေကို ပေါ်လွင်ကာ အသည်းယားစရာကောင်းလောက်အောင်ဆော့ကစားထားတဲ့ အချစ်တော်လေး ခေးဆက်သွင် ရဲ့ tik tok ဗီဒီယို လေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khay Sett Thwin

Source - Khay Sett Thwin's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။