တစ်ခေတ်တစ်ခါတုန်းက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းကတော့ ယနေ့အချိန်မှာ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ် ။ သားနှစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းက အရမ်းကိုချောမောလှပတဲ့ ချစ်ဇနီးချောလေးကိုလည်း ရရှိထားတာ ဖြစ်ပါတယ် ။ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုဘဝလေးကို အများကပါ အားကျနေရတာ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်လုပ်ကိုင်နေတဲ့ ပိုင်ဇေရဲထွန်းက ချစ်ဇနီးလေးရဲ့မုန့်လုပ်ငန်းကိုလည်း ကူညီပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးချောလေး ဇင်သဲနိုင်က "သူ့ဓါတ်ပုံရိုက်ရင် နောက်စာရင်းကူမလုပ်ပေးဘူးတဲ့နေပေါ့ ရိုက်တယ်ဟာ" ဆိုပြီး ချစ်ခင်ပွန်းရဲ့ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ ချစ်ဇနီးလေးရဲ့အလုပ်တွေကို ဘေးကနေဝိုင်းကူပေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Story
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

ဒါ့အပြင် ဇင်သဲနိုင်က "သမီး ညတွေလည်း ၃:၀၀ထိမအိပ်ပဲ Overtime တွေဆင်းတယ်နော် မနက်ဆိုလည်း Pajama တောင်မလဲပဲ အလုပ်လုပ်တယ်နော် ဒါနဲ့ လစာကဘယ်သူ့ဆီက တောင်းရမှာလဲ"ဆိုပြီး ပုံလေးတွေကို တင်ပေးထားပါသေးတယ်။ ဒီပုံလေးတွေမှာ ပိုင်ဇေရဲထွန်းရဲ့မိဘနှစ်ပါးကလည်း အလုပ်လုပ်နေတဲ့ဇင်သဲနိုင်ကို ဘေးကနေအတူစောင့်ပေးရင်း မိသားစုတွေအတူပျော်နေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်ဇေရဲထွန်းတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zin Thae Naing's FB Acc

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။