အဆိုတော် စန္ဒီမြင့်လွင်ကတော့ Rapစာသားတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတက်ပြီး ဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ သူတစ်ယောက်ပါ။ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပေးမယ့် ပရိသတ်တွေကတော့ ယနေ့တိုင် အားပေးနေကြဆဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အလ်ိုလိုက်ကြင်နာမှုကို ရရှိထားတဲ့ စန္ဒီမြင့်လွင်က အမြဲကြည်နူးပျော်ရွှင်မှုတွေကို ရရှိထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ 

Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun

စန္ဒီမြင့်လွင်က သူမနဲ့ တူပြီး အသည်ယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသောချစ်သမီးလေး ထရက်ရှာကိုလည်း မွေးဖွားထားပါသေးတယ်။ ထရက်ရှာလေးက အနေအေးပြီး ချစ်စရာကောင်းလွန်းနေတာကြောင့် ဖေဖေ မေမေ တို့ရဲ့ အသည်းကျော်လေးလည်းဖြစ်ပါတယ်။ အမြဲလိုလို လူမှုကွန်ယက်စာမျက်နှာထက်မှာ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဝေမျှပေးနေတဲ့ မေမေစန္ဒီမြင့်လွင်က ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်.....။

Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun

ထင်မှတ်မထားလောက်အောင် အကုန်မြန်လွန်းတဲ့အချိန်တွေနဲ့အတူ ချစ်သမီးလေးရဲ့ အသက်ဟာလည်း မနက်ဖြန်ဆိုရင် တစ်နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။ တစ်ဦးတည်းသော ချစ်သမီးလေး ထရက်ရှာရဲ့ မွေးနေ့လေးမှာ ပြန်ကြည့်တိုင်း အမှတ်တရဖြစ်အောင် မိသားစုတွေ စုံစုံလင်လင်နဲ့ ကြည်နူးစရာကောင်းအောင် ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို ရိုက်ကူးရင်း " မနက်ဖြန် (၁၄.၇.၂၀၂၀) မှာ ကျရောက်မယ့် သမီးလေး "ခင်လင်းထင်@ထရက်ရှာ" ရဲ့ တစ်နှစ်ပြည့်မွေးနေ့အမှတ်တရ မိသားစုဓာတ်ပုံလေးတွေ ရိုက်ထားပါတယ်နော် သမီးလေးကြီးလာရင်ပြန်ကြည့်ဖို့ပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေ ကြည့်ရှုစေရင်း အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun
Photo credit _ Aung Kyaw Tun

Photo credit _ Aung Kyaw Tun

Source _ Sandy Myint Lwin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။