ပရိသတ်ကြီးရေ ဂီတလောမှာ အသံချိုချိုအေးအေးလေးတွေနဲ့ ပြည်သူ့အချစ်တွေတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ သူကတော့ အဆိုမလေး ပိုပို ပဲဖြစ်ပါတယ်နော်..။ ပိုပို ထွက်ရှိတဲ့ သီချင်းတွေကလည်း ခေတ်လူငယ်တွေကြားမှာ ထပ်တူကျပြီး ရေပန်းစားခဲ့ရတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ချစ်ပရိသတ်တွေအတွက် ရသမျိုးစုံကို ပေးနိုင်တဲ့ သီချင်းကောင်းတွေကို ဖန်တီးနေပြီး မကြာခင်မှာချပြသွားဖို့လည်း ရှိပါတယ်နော်..။

ပိုပို ကတော့ အသက်ငယ်ရွယ်ပေမယ့်လည်း ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းပြီး အလှူအတန်းတွေကို အမြဲပြုလုပ်ပေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အပင်လေးတွေ စိုက်ပျိုးတာ ဝါသနာပါတဲ့ ပိုပိုကတော့ သူမရဲ့ ခြံဝန်းထဲမှာလည်း သီးပင် ၊ စားပင်တွေကို အားတဲ့အချိန်လေးတွေမှာ ပြုစုစိုက်ပျိုးနေတက်တဲ့ သူလေးပါနော်..။ ယခုတစ်မှာတော့ ပိုပို ဟာဆိုရင် အပျင်းပြေ မြင်းစီးသင်နေတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် တင်ပေးလာခဲ့ပါတယ်နော်..။

ဒီ ဗီဒီယိုလေးတွေ ထဲမှာတော့ ပိုပို ကတော့ ပျော်ပျော်ရွှင်ရွှင် နဲ့ မြင်းကို ဖြည်းဖြည်းချင်း စီးနေတဲ့ ပုံစံလေးတွေက အသည်းယားစရာကောင်းလောက်ပါတယ်နော်..။ မစီး ရဲ စီးရဲနဲ့ သေသေချာချာ ဂရုစိုက်ပြီး မြင်းစီး သင်နေတဲ့ ပိုပို ကို အရင်ကထပ် ပိုပြီး ချစ်ပေးကြပါဦးနော်.။ ကဲ..ချစ်ပရိသတ်ကြီးရေ အားလပ်တဲ့အချိန်လေးမှာ မြင်းစီးသင်နေတဲ့ ပိုပို ရဲ့ ချစ်စရာကောင်းလောက်တဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှုလို့ ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - ပိုပို

Source - ပိုပို facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။