ချစ်ပရိသတ်ကြီးရေ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးလေးအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းနုသေးပေမယ့်လည်း ကျရာဇာတ်ရုပ်မရွေး ပီပီပြင်ပြင် ဖန်တီးနိုင်တဲ့ သူမက "3 Girls" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုဆိုရင် သုသုက အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit : ria bo vich
Photo Credit : ria bo vich

သူမကတော့မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးမင်းသမီးလေးတွေစာရင်းမှာ နေရာယူထားပြီး အားလုံးရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမကို အမြဲလိုလိုအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ သူမဟာ တကယ်လည်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အလှတရားကိုပိုင်ဆိုင်ထားသူလေးပါပဲနော်။

Photo Credit : ria bo vich
Photo Credit : ria bo vich

လတ်တလောမှာတော့ ပိုင်ဖြိုးသုဟာ ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။အခုလည်း မြင်သူတိုင်းရင်ခုန်သွားရလောက်အောင် ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ မြန်မာဖက်ရှင်ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းကယဉ်ယဉ်လေးနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။


Photo Credit : ria bo vich
Photo Credit : ria bo vich

Source : Paing Phyoe Thu facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။