photo credit - DreamHack Counterstrike twitter

DreamHack ကနေကျင်းပတဲ့ DreamHack Shaowdown Summer 2020 female CS:GO tournaments ကတော့ Europe နဲ့ North America region နှစ်ခုမှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Europe region အတွက်ဆိုရင်တော့ direct invite 2 သင်းနဲ့ open qualifier ကတက်လာတဲ့ 4 သင်း စုစုပေါင်း 6 သင်း ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပေးအပ်သွားမယ့် total prize pool ကတော့ $25,000 USD ပဲဖြစ်ပါတယ်။

Direct invites ရရှိထားတဲ့ အသင်း နှစ်သင်းကတော့ Galaxy Racer Female နဲ့ Team Originem တို့ဖြစ်ပြီး open qualifier ကနေတက်လာတဲ့ လေးသင်းကတော့

Team DeftFox

Giants Gaming Female

Arcane Wave

SKADIES

တို့ပဲဖြစ်ပါတယ်။

ကျင်းပသွားမယ့် အချိန်ကတော့ ဇူလိုင်လ 17 ရက်နေ့ကနေ 19 ရက်နေ့ထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Noth America region အတွက်ဆိုရင်လည်း direct invite 2 သင်းနဲ့ open qualifier ကနေတက်လာတဲ့ 4 သင်း စုစုပေါင်း 6 သင်းယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပေးအပ်သွားမယ့် total prize pool ကလည်း $25,000 USD ပဲဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ အသင်း 2 သင်းကတော့ Dignitas Female နဲ့ CLG Red တို့ဖြစ်ပြီး open qualifier ကနေတက်လာတဲ့ 4 သင်းကတော့

Able Esports White

Dangerous Game

Silhouette

That’s what she said

တို့ပဲဖြစ်ပါတယ်။

ကျင်းပသွားမယ့် ရက်စွဲကတော့ ဇူလိုင်လ 24 ရက်နေ့ကနေ 26 ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

source - DreamHack counter striker twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။