ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေပိုင်ဆိုင်တဲ့ မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းက ပရိတ်သတ်အများအပြားဝန်းရံခံရသူလေးပါ ။

အနုပညာလှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်လေး လုပ်ကိုင်လျက်ရှိတဲ့ နွယ်ဒါလီထွန်းက လက်ရှိမှာ " ဇာတ်လမ်းတွဲ ရိုက်ဖို့ရှိပါတယ် မင်္ဂလာရှိတဲ့အရပ် လို့ နာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာ ကိုမြင့်မြတ် ကိုစည်ဖြိုး မအေးဝတ်ရည်သောင်း ကယ်ဗင်ကိတ်တို့နဲ့ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ် ဒီဇာတ်လမ်းတွဲက ဒုတိယ အတွေ့အကြုံအနေနဲ့ ရိုက်ကူးမှာပါ ပထမ အတွေ့ အကြုံဇာတ်လမ်းတွဲကတော့ တစ္ဆေပျောက်ကြော်ငြာပါ ဇာတ်ကားရိုက်ကူးမူတွေ ကတော့ အရင်ကထက် ပိုလုပ်မှာပါ အရင်ကတော့ MBA တက်နေလို့ အချိန်သိပ်မပေးနိုင်ခဲ့ဘူးအခုက MBA တက်တာကလည်း ပြီးသွားပါပြီ "လို့ Myanmar Celebrities ရဲဲ့ အင်တာဗျူးမှာဖြေဆိုထားတာ တွေ့ရှိရပါတယ် ။ 

အချစ်ရေးနဲ့ ပါတ်သတ်ပြီး ပရိတ်သတ်တွေစိတ်ဝင်စားနေတဲ့ နာမည်ကြီးအချိုရည် ကုမ္ပဏီပိုင်ရှင်နဲ့ ချစ်သူတွေဖြစ်နေကြပါတယ်ဆိုတဲ့ သတင်းကို " " အဲ့ဒါက ကောလ ဟာလပါ လက်ရှိကတော့ တစ်ယောက်တည်း ပါ "ဆိုပြီး အဆိုပါ အင်တာဗျူးမှာပြောပြခဲ့တာပါ ။

လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီးတော့လည်း " အချစ်ရေးက အေးဆေးပါပဲ ဘာမှမရှိဘူး အဲ့ဒါ သက်သက်ဆေးလျှောက် ထိုးကြတာပါ "လို့ဆိုပါတယ်။

ယခုအချိန်မှာတော့ နွယ်ဒါလီ ထွန်းကMBA တက်ပြီးသွားတာကြောင့် အနုပညာ အလုပ်တွေသေချာပြန်လုပ်နေပြီလို့သိရပါတယ်

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။