လတ်တလောမှာ ပရိတ်သတ်တွေ အံ့သြသွားရလောက်အောင် ၀ိတ်ချပြီး အလှကြီးလှနေတဲ့ ထက်ထက်မိုးဦးရဲ့ပုံလေးတွေဟာ မြင်သူတိုင်း

သဘောကျနှစ်သက်လို့နေကြပါတယ် ။ ထက်ထက်မိုးဦးခေတ်ရယ် လို့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့ပြီး ကြော်ငြာဘုရင်မလို့နာမည်တွင်ကျန်ရစ်တဲ့

ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကိုကာလအတန်ကြာရပ်နားထားခဲ့ပေမယ့် သူမကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ လျော့ပါးမသွားဘူးဆိုတာ

အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်ချိန်မှာ သက်သေပြနိုင်ခဲ့ပါတယ် ။ လက်ရှိမှာ ခင်ပွန်းဖြစ်သူ စိုင်းလွှမ်းနဲ့ ချစ်ဖို့ကောင်းတဲ့ သမီးလေး စစ်လွန်းဝတီထက်တို့နဲ့ အတူ မိသားစုဘဝလေးမှာပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦးရဲ့ပရိတ်သတ်တွေအတွက် သူမ အကြောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ် ။

”ပန်..ပန်…ပန်…ပန်…ပန်..ပန်…” ဆို တဲ့ ကြော်ငြာ သီချင်းလေး ကြားရင် အဲ့ဒိခေတ်အခါကမှီခဲ့သူတွေက ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ ထက်ထက်မိုးဦး ကို တန်းပြေးမြင်ကြမှာပါ ။ “ရတနာစိန်ကျောက်ဇယ်တောက်တိုင်း ကစားရအောင် ” ဆိုပြီး ကလေး လူငယ် မရွေး ပါးစပ်ဖျား မှာ စွမ်းဆောင်နိုင်ခဲ့သူက ထက်ထက်မိုးဦး ပါ ။ ဒွေး နဲ့အတွဲ ညီခဲ့သလို လွင်မိုး နဲ့ လည်း ကားပေါင်းများစွာ ရိုက်ခဲ့သူပါ ။

“ထက်ထက် ရဲ့ ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာ……” အစချီ လို့ ဒွေး နဲ့ ကြော်ငြာ တဲ့ ခေါင်းလျော်ရည် ကြော်ငြာ ဆိုရင် လည်း ထက်ထက် ရဲ့ မှတ်တိုင်ပါပဲ ။ ဖုန်းတွေမပေါများသေးတဲ့ခေတ်၊ ဖေ့ဘုုတ်ဆိုတာကြီး ခေတ်မစားသေးတဲ့အချိန် မိသားစုပိုင် တီဗီတွေ မှာ ထက်ထက်မိုးဦးဆိုတာက ညတိုင်း ဖျော်ဖြေရတဲ့ ကြော်ငြာဘုရင်မ ။

ပရိသတ်အချစ်တော် ထက်ထက် မိုးဦး ကို တော့ ခရစ်သက္ကရစ် ၁၉၇၁ ခုနှစ် မေလ ၈ ရက် ၊ မြန်မာ သက္ကရာဇ် ၁၃၃၃ ခုနှစ်မှာ အဘ ဦး ခင်မောင်(ခ) ပန်းချီ မြတ်မောင် နဲ့ အမိ ဒေါ်ခင်မျိူးညွန့်တို့က မွေးဖွား ခဲ့ပြီးတော့ စနေသမီးလေး ထက်ထက်မိုးဦး ကို မူံရွှေရည် လို့ အမည်တွင်စေပါတယ် ။ အကို တစ်ယောက် ၊ အစ်မတစ်ယောက် ရှိတဲ့ မူံရွှေရည် က ငယ်စဉ်ကျောင်းသားဘဝမှာပညာရေး ကို မထူးချွန်ခဲ့ပေမယ့် သူ့ကိုယ်သူ ပြည်သူချစ်မင်းသမီး တစ်ယောက် ဖြစ်အောင်တော့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မိုးကုတ်သူ လေး မူံရွှေရည် က သူ့ဝါသနာ တွေ အကောင်အထည်ဖော် ဖို့အတွက် အနုပညာ လောကထဲ ကို ၁၉၉၁ -၁၉၉၂ ခုနှစ် ဝန်းကျင်မှာ ဝင်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာ ပြီး နုနယ်တဲ့ မူံရွှေရည် ကို ပြည်သူချစ် ဒိတ်ဒိတ်ကြဲ မင်းသမီး ဖြစ်လိမ့်မယ် လို့ ဘယ်သူထင်ခဲ့မှာလဲ ။ ဒါပေမယ့် မူံရွှေရည် ကြိုးစား ခဲ့တယ်… အနုပညာ လောကက ကြမ်းတမ်းတဲ့ ဒဏ်တွေကို မူံရွှေရည် အဖြစ်ကနေ ထက်ထက်မိုးဦး မဖြစ်မချင်း တောင့် ခံ ခဲ့တယ်။ ခိုင်မာလာနှင်းဆီ ကြော်ငြာကို ပထမဆုံး အနေနဲ့ ရိုတ်ခဲ့တဲ့ မူံရွှေရည် က ကြော်ငြာဘုရင်မ ဖြစ်လာမယ် လို့ ဘယ်သူထင်ခဲ့မှာလဲ ။ နာမည်ရင်း နဲ့ ကြိုးစားပေမယ့် ကံကြမ္မာ မျတ်နှာသာမပေးလို့ ထက်ထက်မိုးဦး ဆိုတဲ့ နာမည် ပြောင်းပြီး ကြိုးစားချိန်မှာ ထက်ထက်မိုးဦးရယ် လို့ ဖြစ်လာခဲ့ပါတယ် ။

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ တကယ့်လူ ဇာတ်ကားမှာ စိုးသူ ၊ စိုးမြတ်သူဇာတို့နဲ့ အတူသရုပ်ဆောင်ခဲ့ပြီးတော့ ရဲအောင် မို့မို့မြင်အောင်တို့ နဲ့ အတူသရုပ်ဆောင်တဲ့ သရဖူဇာတ်ကား နဲ့ ပရိသတ်အသိအမှတ် ပြုခံခဲ့ရသူပါ ။ သူမ ဟာ ကြော်ငြာဘုရင် မ ဖြစ်ရုံသာမ က သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်ခဲ့သူတစ်ဦးပါ ။ ၁၉၉၇ ခုနှစ်မှာ ပန်းသခင် ဇာတ်ကား နဲ့ ပထဆုံး အကယ်ဒမီ ကို ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ သမီးမိုက် ဇာတ်ကား နဲ့ အကယ်ဒမီထပ်မံ ရရှိခဲ့ပါတယ်။ ထက်ထက် မိုးဦး လျှမ်းလျှမ်းတောက် အောင်မြင်နေ ချိန်တုန်းက သူ့အောင်မြင်မူဟာ ကြောက်စရာပါ ။ ဇီးထုပ် တောင်မှ ထက်ထက်မိုးဦး ကြော်ငြာ လို့ ထက်ထက် မိုးဦး ဇီးထုပ်ဆိုပြီး နာမည်ကြီး ခဲ့ပါသေးတယ်။

သူဟာ အလုပ်ကို ကြိုးစားတယ်..အာရုံစိုက်တယ်… သူအောင်မြင်နေချိန်မှာ ထက်ထက် မိုးဦး ဆီက ဇာတ်ကား ရိုက်ခွင့် ကြော်ငြာ ရိုက်ခွင့် ရဖို့က တော်တော် ခက်ခဲ လှပါတယ် ။ တန်းစီ စောင့်တာတောင့် ငြင်းပစ်ရသတဲ့….။ သူမ ငွေကို ရေလိုသုံးခဲ့တယ်..လှူ တာ ကမ်းတာကလည်း ရက်ရောတယ်..ထက်ထက်မိုးဦး ကောင်းစားချိန်မှာ သူ့အနားက လူတွေလည်း ကောင်းစားခဲ့လေရဲ့ ။ အပြောဆိုး ပေမယ့် စိတ်ရင်းကောင်း တဲ့ ထက်ထက် နဲ့ အင်တာဗျူး တစ်ခုမှာ ဆုံတော့ ” ဟဲ့…..အလုပ်ဆိုတာ သေချာ လုပ်ရတယ်…. အလုပ်အပေါ်မှာ လေးစားမှ အလုပ်ကလည်း ကိုယ့်ပေါ်လေးစား မှာ ” လို့ ပြောပြခဲ့ ဘူး သလို အင်တာဗျူး မေးလို့ သူ့ကို စိတ်ရူပ်စေတဲ့ မေးခွန်းမေးရင်လည်း ” ဟယ်…ဘာတွေ မေးနေတာလဲ. ပေါက်တက်ကရတွေ ” ဆိုပြီး ပြောတက်ပါသေးတယ်။

သူမ အနုပညာ လောကမှာ လူချစ်လူခင်ပေါသလို လူမုန်းလည်း များခဲ့လေ ရဲ့။ အရင်က ဆို မောင်နှမတွေလို အတွဲ ညီခဲ့ တဲ့ ရန်အောင်က ထက်ထက်မိုးဦး နဲ့ ပတ်သတ်ပြီးတော့ ” ထက်ထက် က တကယ်တော်တယ် …သူက အပြောသာဆိုးပေမယ့် စိတ်ရင်းကောင်းတယ်..” လို့ပြောခဲ့ သလို ဒါရိုတ်တာ ကိုဇော် ရိုက်မယ့် ရုပ်ရှင်ဇာတ်ကား press conference တုန်းကလည်း ” ထက်ထက်ရယ်…နင် ဝိတ်လျော့ပြီးအနုပညာ အလုပ်တွေ ပြန်လုပ်စမ်းပါ….နင့်ပရိသတ်အင်အားဒီလောက်များတာ ” ဆိုပြီး ပြောခဲ့ပါသေးတယ်။

ထက်ထက်မိုးဦး က ထက်မြတ်တယ်။ ဒေါသကြီးတယ် ။ စိတ်ဆိုးစိတ်တိုလွယ်တယ်။ အသန့်ကြိုက်လွန်းတယ် ။ အသန့်ကြိုက်တက်တဲ့ ထက်ထက် က စားသောက်ဆိုင်တွေရောက်လို့ အိမ်သာသွားချင်ရင်တောင် တယောက်ယောက်ကို သန့်ရှင်း လား ညစ်ပတ်လား အခြေအနေ သိအောင် အရင်ကြိုသွားကြည့်ခိုင်းတက်သူပါ။ ” ကြီးကျယ်တာတော့ မဟုတ်ဘူး ထက်က နှလုံးမကောင်း ပါ ” ဆိုပြီ ပြောတက်သူပါ။

အခု ကလေး တစ်ယောက်မိခင် ထက်ထက် မိုးဦးက အရင်လို ပိန်ပိန်သေးသေးမဟုတ်တော့ ။ ကလေးမွေးပြီး ကာလတခု အချိန်ထိ ဝဝ ကစ်ကစ်လေးနဲ့ ရှိခဲ့ဖူးသလို ရန်အောင်မွေးနေ့မှာတောင် သီချင်းတက်ဆိုခဲ့သေးတာပဲ ။ သူမ ဝ နေတဲ့ အချိန်မှာ ဓာတ်ပုံ ရိုက်ရင် ” လှတာလေး ထည့် ၊ ပြင်ပေးနော်..ပိန်အောင်လုပ်ပေးနော် ” ဆိုပြီး ပြောတက်ပါသေးတယ်။ ထက်ထက်မိုးဦး ဘယ်လိုပုံပဲ ဖြစ်ဖြစ် အသံကြားတာနဲ့သူမ ပရိသတ်တွေမှတ်မိပြီးသားပါ ။

အနုပညာမျိူးဆက် အနေနဲ့ တစ်ယောက်မွေး တစ်ယောက်ထွန်းပေါက်တာ က သူ့ရဲ့ တစ်ဦးတည်းသော သမီး လေး စစ်လွန်းဝတီထက်ပါ ။ ကြော်ငြာတွေ ပြက္ခဒိန်ပေါင်းများစွာ ရိုက်ခဲ့ ပြီး တော့ ” မေမေ့လို မင်းသမီးလုပ်မှာ ” တဲ့လေ ။ ထက်ထက်နဲ့ အရင်တခေါက်တွေ့တော့ “ထက်ထက် ခု ဝိတ်ချနေတယ် .” ဆိုတဲ့ ထက်ထက်မိုးဦး ကို နောက်တခေါက် ပြန်တွေ့တဲ့ အချိန်မှာ ပိန်ပြီးလှနေတာကိုတွေ့ရပါတယ် ။

” အနုပညာ အလုပ်တွေ ပြန်လုပ်ချင်တယ်..ပရိသတ်တွေ အတွက်.ပေါ့… အခုချိန်မှာ အသစ်တွေ အရမ်းပေါလာတော့ အားလုံးက ထက် ကိုမေ့နေကြပြီထင်ပါတယ် ” လို့ပြောခဲ့ပါသေးတယ်။ ခုချိန်မှာ ဇာတ်ကား ရိုက်ရတာမရိိုတ်ရတာထက် နာမည်မသေပဲရှိနေသေးတာ ထက်ထက်မိုးဦးပါ ။ပရိသတ်အချစ်တွေ မသေဆုံးသေးတာ ထက်ထက်မိုးဦးပါ။ သူ မသိလို့ပါ ။ သူမ ပရိသတ်တွေက ” ပန်ပန်ပန်ပန်ပန်ပန်ပန်” ကြော်ငြာလေး နဲ့ အတူ ထက်ထက်မိုးဦး ကို စောင့်နေကြတယ် ဆိုတာ……။

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။