ဦးကျော်သူကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဦးကျော်သူကတော့ ယနေ့မှာကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသလူရွှင်တော်ဦးမန်းဝင်းအတွက် စိတ်မကောင်းဖြစ်နေပြီး သူ့ကိုရယ်မောအောင်အမြဲစနောက်လေ့ရှိတဲ့ဦးမန်းဝင်းကို အအေးခန်းထဲမှာပြန်တွေ့ခဲ့အခါ လွမ်းဆွတ်ဆို့နင့်ပြီး မျက်ရည်ကျခဲ့ရတဲ့အကြောင်း ပြောပြာလာခဲ့ပါတယ်။

photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc

ဦးကျော်သူကတော့ သူ့ ကိုတွေ့ရင် မနေနိုင်။သူ နဲ့ဆုံတိုင်း မအောင့်နိုင်။သူ နဲ့ စင်ပေါ်အတူတက်ရရင် ကျွန်တော်ကပရိဿတ်ဖြစ်ပြီး သရုပ်မဆောင်နိုင်တော့။သူ နဲ့ရုပ်ရှင်ရိုက်ရင် ကိုယ့်စိတ်ကိုအတော်ထိမ်းချုပ်ထားရတဲ့ သူ။သူ နဲ့တွေ့တိုင်း မအောင့်နိုင်၊မထိမ်းနိုင် ဟက်ဟက်ပက်ပက် အူတက်မတတ် မျက်ရည်ထွက်မတတ် ရီမောမိတဲ့ ကျွန်တော်။"သူ" ဆိုတဲ့ ဟာသသရုပ်ဆောင်၊ဟာသဝိဇ္ဇာကြီး လူရွှင်တော်ကြီး "ဦး မန်းဝင်း"ဒီနေ့ ဒီအချိန် (၁၃-၇-၂၀၂၀ / နံနက် ၁၀:၀၀နာရီ) ပင်လုံဆေးရုံ အအေးခန်းမှာပြန်ဆုံတွေ့တဲ့အခါမှာတော့ အူတက်မတတ် မရီနိုင်တော့ပေ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc

ဦးကျော်သူကတော့ " ရီ၍မျက်ရည်မထွက်တော့ဘဲ ရင်ထဲကလွမ်းဆွတ် ဆို့နင့်ရသည့် မျက်ရည်စများသာ ကျလာမိပါတော့သည်။ကာယကံ၊ဝဇီကံ၊မနောကံတို့နှင့် လွန်ကျူးခဲ့ပါက ရောက်ရာဘုံဌာနမှ ခွင့်လွှတ်ပါရန်။ကောင်းရာသုဂတိလားပါစေဟု ကျွန်တော် ပြုခဲ့သမျှကောင်းမှုအစုစုကို အမျှ အမျှ အမျှပေးဝေငှပါတယ် ဦးမန်းဝင်း ခင်ဗျား။ကျီစုသုဿန် (၁၅-၇-၂၀၂၀) ဗုဒ္ဓဟူးနေ့ နေ့လည်(၁:၀၀) တွင်နာရေးအခန်းအနားပြုလုပ်ပါမည်။(ကျော်သူ (ခ) မောင်မောင်) " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

source: Kyaw Thu 's facebook acc

photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc
photo credit : Kyaw Thu 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။