အဆိုတော်ပိုပိုဟာ ကဗျာစာအုပ်ထုတ်မယ်လို့ စီစဉ်ခဲ့တာ အချိန်တစ်ခုကြာပြီးနောက်မှာ

ကဗျာစာအုပ်လေး အကောင်အထည်ပေါ်လာခဲ့ပါတယ် ။ ထိုကဗျာစာအုပ်ထဲမှာ

ကဗျာဆရာတွေ ရဲ့ ကဗျာတွေ အပြင် အခြားအနုပညာရှင်တွေရဲ့ ကဗျာတွေနဲ့အတူ

ပိုပိုကိုယ်တိုင်ရေးသားတဲ့ကဗျာတွေလဲ ပါဝင်ပါတယ် ။ သို့သော်လည်း တကယ်စာအုပ်ထွက်လာချိန်မှာတော့

ကဗျာဆရာတွေဘက်က ကန့်ကွက်မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ် ။ အကြောင်းရင်းကတော့

ပိုပိုရဲ့ Facebook မှာ လွှင့်ခဲ့တဲ့ Live Video ထဲကအကြောင်းအရာများကြောင့်ပါ ။

(ထို Video ကိုအောက်မှာကြည့်ရှုနိုင်ပါသည်)

ထို Video ထဲမှာ ပိုပိုက သူမရဲ့ ကဗျာစာအုပ်လေးကိုမိတ်ဆက်ပေးခဲ့ပြီး ဟာသသရုပ်ဆောင် ဦးဗေလုဝရေးပေးတဲ့

အမှာစာကိုဖတ်ပြခဲ့ပါတယ် ။ ပထမရိုက်နှိပ်ထားတဲ့ ခေါင်းစဉ်အမည်နဲ့ Cover ပုံကိုမနှစ်သက်ဘဲ လိုအပ်ချက်လေးတွေ

ရှိနေတယ်ထင်လို့ ဒုတိယအကြိမ်ပြန်လည် ရိုက်နှိပ်တဲ့ စာအုပ်မှာတော့ ခေါင်းစဉ်အပြင် စီစဉ်​သူနဲ့ ထုတ်​​ဝေသူတို့

ရေးတဲ့ အမှာစာအစား ဟာသသရုပ်ဆောင် ဦးဗေလုဝရေးပေးတဲ့ အမှာစာကိုပြောင်းလဲထည့်သွင်းခဲ့တာပါ ။

ထိုကိစ္စကို ကဗျာဆရာရဲရင့်လကာင်္က

" စီစဉ်​သူနဲ့ ထုတ်​​ဝေသူတို့

အမှာစာ​ရေးတယ်​

တအားကို လှ​ပ​သေသပ်​တဲ့ စာအုပ်​​လေး​

ဒုတိယအကြိမ်​လည်​းကျ​ရော

Oh My Yeyint Lingar

​ေ​ဗလုဝက Birthday Wish လုပ်​ထားတဲ့စာသားကျ​နေတာပဲ။ " လို့ သူ့ရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ် ။

လူငယ်ကဗျာဆရာများသမဂ္ဂ က ပိုပိုရဲ့ လုပ်ရပ်အပေါ် သဘောထားထုတ်ပြန်ချက်စာ ထုတ်ခဲ့ပါတယ် ။

ပိုပိုကိုယ်တိုင်ကလည်း ထိုပြသာနာများကြောင့်

" I was trying the best ..But ...အကန့်အသတ်မရှိ စာအုပ်ထွက်တာရပ်လိုက်ပါပီ...i' sad ? so much " လို့

သူမရဲ့ page ကတဆင့်ပရိတ်သတ်ကြီးကိုပြောကြားထားတာတွေ့ရှိရပါတယ် ။ 

သတင်းအရင်းမြစ် Ye Yint Linkar and Myanmarcele crazy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။