မြန်မာ့ဂုဏ်ဆောင် တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ၂၀၁၉ ခုနစ် ရဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ ပွဲစဉ်တွေကနေ အောင်ပွဲတွေကို မြန်မာ့ အားကစားလောကအတွက် မှတ်ကျောက်တင်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ့်မှာပါ။ အောင်လအန်ဆန် ကတော့ နောက်ထပ် ပြိုင်ဘက်ကောင်းတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်နိုင်စေဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို နေ့စဉ် ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

Photo & Video Credit - Aung La Nsang(Burmese)
Photo & Video Credit - Aung La Nsang(Burmese)

အောင်လအန်ဆန် ဟာ မကြာသေးမှီ ရက်ပိုင်းလောက်က Covid- 19 ရောဂါ ကူးစက်ခံထားရပေးမယ့်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်။ ဒါ့အပြင် အောင်လအန်ဆန် က သူ့ကိုအားပေးနေတဲ့ ချစ်ပရိသတ်တွေ စိတ်မပူရအောင် ရောဂါကူးစက်ခံနေရတဲ့ အချိန်လေးမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်နေတဲ့ ဗီဒီယိုလေးတွေကို ဖော်ပြပေးလျက်ရှိပါတယ်။ ယခုတစ်မှာတော့ အောင်လအန်ဆန် က ပရိသတ်တွေအတွက် သူ့ရဲ့ Skill တစ်ခုကို ထုတ်ဖော်ပြသလိုက်တဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Aung La Nsang(Burmese)
Photo & Video Credit - Aung La Nsang(Burmese)

ဒီ ဗီဒီယိုလေးထဲမှာတော့ အောင်လအန်ဆန် က လေ့ကျင့်ခန်းလုပ်နေရင်း ကစားဖော်တွေနဲ့အတူ သာမန်သူတွေမလုပ်နိုင်လောက်တဲ့ ပုဆိန်ပစ်ပေါက်နိုင်တဲ့ Skill တစ်ခုကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူပစ်ပေါက်ခဲ့တဲ့ ပုဆိန် နှစ်လက်လုံးကလည်း ပစ်မှတ်ကို ထိမှန်အောင် ပေါက်နိုင်တာတွေ့ရပါတယ်။ ဒီ ဗီဒီယိုလေးတွေ နဲ့လည်း အောင်လအန်ဆန် က " ကျွန်တော်ပုဆိန်ပေါက်တာ Tyler wolverine_170 နဲ့ Tial's tialzathang77တို့တွေလိုမကျွမ်းကျင်ပေမယ့် ကမ္ဘာဖျက်မယ့်ဖုတ်ကောင်တိုက်ခိုက်မှုကိုတော့ရင်ဆိုင်လို့ရပါပြီ။ကျွန်တော်တို့ကိုဖိတ်ခေါ်ပြီးဧည့်ဝတ်ပြုတဲ့အတွက် tuco300ကိုအရမ်းကျေးဇူးတင်ပါတယ်..." ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။

Photo & Video Credit - Aung La Nsang(Burmese)

Source - Aung La Nsang(Burmese)'s facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။