photo credit - ESL

လက်ရှိ G2 Esports cs:go team က Rifler player hunter ရဲ့ နာမည်အရင်းကတော့ Nemanja Kovac ဖြစ်ပြီး သူဟာ Serbia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1996 ခုနှစ် 1 လပိုင်း 3 ရက်နေ့ဖြစ်တောကြောင့် huNter ဟာ အခုဆိုရင် အသက် 24 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ။

huNter cs:go pro teams တွေမှာစတင်ကစားခဲ့တာကတော့ 2015 ခုနှစ်လောက်ကဖြစ်ပြီး Jake Bube မှာအရင်ဆုံးကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ huNter ဟာ GamePub ကိုပြောင်းရွှေ့ခဲ့ပြီး လအနည်းငယ်လောက်အကြာမှာ Gaming.rs.GmaerPub ကိုပြောင်းရွှေခဲ့ပါတယ်။

၎င်းအသင်းမှာကစားနေရင်းနဲ့ 2016 ခုနှစ်အစပိုင်းလောက်မှာတော့ huNter ဟာ iNation အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

iNation အသင်းမှာကစားနေရင်းနဲ့ 2017 ခုှစ် 3 လပိုင်း 27 ရက်နေ့အရောက်မှာတော့ huNter ဟာ Binary Dragons ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာကစားနေရင်းနဲ့ 2017 ခုနှစ် 10 လပိုင်း 21 ရက်နေ့အရောက်မှာဆိုရင် huNter ဟာ Valiance ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 6 လပိုင်း 9 ရက်နေ့မှာပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ huNter ဟာ CR4ZY ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 9 လပိုင်း 30 ရက်နေ့မှာ CR4ZY ကနေ G2 Esports ကိုပြောင်းရွှေ့လာက ယနေ့ထက်ထိ G2 Esports မှာကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။