ခန့်စည်သူကလွန်ခဲ့တဲ့ April လက ရိုက်ကူးပြီးစီးခဲ့သော လယ်သိမ်းခံတောင်သူတွေအကြောင်းရိုက်ကူးထားတဲ့

" နာမည်တွင်ကျန်ရစ်မယ် " ဇာတ်ကားကြီးမှာ လယ်သမားတွေ ရင်ဖွင့်ချင်နေကြတဲ့စကားတွေကို

ရုပ်ရှင်ထဲကကိုယ်စားပြောပေးတဲ့သဘောနဲ့ရိုက်ကူးခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

" အဲဒီဇာတ်ကားကကောင်းကျိုးကိုယ်၌တည်စေမင်း လိုမျိုးပါ ။ ခေတ်စနစ်တစ်ခုအပေါ်မှာ သရော်တာတော့မဟုတ်ဘူး ။

လယ်သမားလူတန်းစားကပြောချင်တာကိုသူတို့ကိုယ်စားပြောပေးတဲ့သဘောပါပဲ ။ လယ်တွေယာတွေအသိမ်းခံရတယ် ။

ခရိုနီတွေနဲ့ အရင်လူကြီးဟောင်းတွေပေါင်းပြီး လက်ဝါးချင်းရိုက်ပြီးရောင်းစားသွားတဲ့ အပေါ်မှာ တကယ်ခါးစည်းခံရတာတော့

လယ်သမားတွေပါပဲ ။ ခေတ်အဆက်ဆက် အင်္ဂလိပ်အုပ်စိုးတဲ့ခေတ်လဲရှိခဲ့တယ် ။ လယ်အသိမ်းမခံရဘူး ။ မြေအသိမ်းမခံရဘူး ။

ယာအသိမ်းမခံရဘူး ။ ကိုယ့်နိုင်ငံကိုကိုယ့်လူမျိုးတွေ အုပ်စိုးတဲ့ အချိန်ကျမှပဲ ဒီလယ်တွေယာတွေအသိမ်းခံရတယ် ။ လယ်သမားတွေ

ဒုက္ခရောက်ကြတယ် ။ မျက်နှာကြီးတရားခံတွေဆို ဘယ်လိုရုန်းထွက်လဲဆိုတာ သိနေတာပဲ ။ အခု ဂျာနယ်သမားတွေဆိုလည်းတော်တော်

များများအရေးယူခံရတယ် ။ တောင်သူလယ်သမားတွေဆိုလည်း ထွန်တုံးတိုက်ပွဲလုပ်တဲ့သူတွေ ဘာလက်နက်မှမပါဘဲနဲ့

လက်ထိပ်တင်မကဘူး ခြေထိပ်ပါအခတ်ခံရတယ် ။ ပြောရမယ်ဆို ဒီလိုမျိုးအဖြစ်အပျက်တွေလည်းရှိတယ်ဆိုတာကို သူတို့ကိုယ်စား

ရင်ဖွင့်ပေးတဲ့သဘောပါပဲ " လို့ Popular Journal ကိုဖြေဆိုထားပါတယ် ။

ဒီဇာတ်ကားရိုက်ကူးချိန်မှာ အခက်အခဲတွေလဲရှိသလို ချိန်းခြောက်တာတွေလည်းခံခဲ့ရပါတယ် ။ ပြသာနာဖြေရှင်းဖို့အတွက် အမြဲတန်းပြင်ဆင်ထားရတယ် ။

" ခြိမ်းခြောက်တယ်ဆိုတာ အချို ့ကထင်တာက သူတို့အကြောင်းတွေ ရိုက်ပြတယ်ထင်တာပေါ့ ။ ကျွန်တော်တို့ကတမင်သက်သက်လုပ်ကြံရိုက်ကူးတာဆိုရင်တရားစွဲမယ်ဆိုတဲ့ ပုံစံတွေရှိတာပေါ့ ။ သူတို့အကြောင်းနဲ့ မတူပါဘူး ။ နေပြည်တော်မှာစာတင်ပြီးသွားရိုက်တာပါ ။ ရိုက်ကူးတဲ့ချိန်ကျမှ မခိုင်ကြီးတို့ ဇေရဲထက်တို့ ဖေ့ဘွတ်အကောင့်ကပုံတွေကိုမြင်ပြီး သိသွားကြတယ် ။ ကျွန်တော်တို့ရိုက်ထားတာတွေကိုကြည့်ချင်တယ်တဲ့ ။ ကျွန်တော်တို့အနေနဲ့ကလည်းမပြနိုင်ဘူး ။ ဆင်ဆာရောက်မှ ကြည့်ပေါ့ ။ " လို့ဆိုပါတယ် ။

ထိုဇာတ်ကားထဲမှာ အချို့ စကားလုံးတွေ ကြမ်းကောင်းကြမ်းမှာပေမယ့် လက်ရှိခေတ်အနေအထားမှာဖြစ်ပျက်နေတာတွေကိုဖော်ပြထားတာဖြစ်ပါတယ် ။

ဆင်ဆာလည်းတော်တော်ထိနိုင်တဲ့ အနေအထားမျိုးပါတဲ့ ။ ဒီဇာတ်ကားကို မျက်ခြယ် ထုတ်လုပ်ရေးကစီစဉ်တာဖြစ်ပြီး ခန့်စည်သူ ၊ ဇေရဲထက် ၊ အိချောပို ၊ ထွန်းအိန္ဒြာဗိုလ် တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ။  

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။