အဆိုတော်အိမ့်ချစ်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားကာ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာရယူထားနိုင်ခဲ့တဲ့  သူမကတော့ ယခုမှာ မမရောဂါဆိုတဲ့ သီချင်းလေးတွေကို အမွေတောင်းနေပြီး စကားတွေဖော်ရွေနေကြတဲ့ သားအဖနှစ်ယောက်ကို ကြည့်ပြီး ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ်။

photo credit : eint chit ' s facebook acc
photo credit : eint chit ' s facebook acc

သူမကတော့ "ဦးချစ်ကောင်းတစ်ခေတ်က စော်ကြည်စေခဲ့တဲ့သီချင်း‘မမရောဂါ’ တဲ့လေ ...မောင်လေးကပြောတယ်အဖေတဲ့ ..ခုချိန်အဖေဒီသီချင်းကိုဆိုရင်အဖေတောင် အသက် ၆၀နားကပ်နေပြီ အဖေ့မမတွေက၇၀တွေဖြစ်ကုန်ရောပေါ့ အဲ့တော့ သားကို ဒီသီချင်းလေးအမွေပေးလိုက်တော့တဲ့လေ ...အဖေက မျက်စောင်းထိုးပြီး မင်းကငါ့ကိုဖဲ့တယ်ကွာတဲ့(အသက်ကြီးပြီပြောရင်သူမကြိုက်ဘူးလေ)ပြီးမှ အေးပါ ဆိုပါကွ သားအရွယ်နဲ့ဆိုတာပဲကောင်းပါတယ်တဲ့မောင်လေးကပြောတယ် အဖေ့ကိုတော့မမှီနိုင်ပေမယ့်အဖေ့သားမို့အဖေ့သီချင်းလေးတော့လက်ဆင့်ကမ်းသယ်ချင်လို့ ဆိုခွင့်ပေးတာကျေးဇူးတင်ပါတယ်တဲ့ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit : eint chit ' s facebook acc
photo credit : eint chit ' s facebook acc

သူမကတော့ " အဲ့တာနဲ့ တေးရေးဆရာကြီး ဦးဝင်းမင်းထွေးဆီ တလေးတစားနဲ့ခွင့်တောင်းပြန်တော့လဲ ငါ့သားဆိုမှာပဲ ခွင့်ပြုပြီးသားပါတဲ့ကျေနပ်စရာကောင်းတဲ့ အခြေအနေတွေပါပဲ ကဲ Junior ရေ အဖေလို မမတွေကြည်ဖို့ပဲလိုတော့တယ်ပရိတ်သတ်တွေလဲ ဦးချစ်ကောင်းပေါက်စလေးရဲ့ပြန်လည်အသက်သွင်းဖန်တီးမှုကို၁၅ ရက်နေ့ကျ Joox မှာ Audio အဖြစ်နားဆင်နိုင်တော့မည်ဖြစ်ပါကြောင်း နှင့် မောင်လေးကို အဖေနဲ့အမကိုချစ်တာထက်ပိုချစ်ပေးပေးကြပါလို့လဲတောင်းဆိုပါတယ်ရှင့် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source :  eint chit ' s facebook page 

photo credit : eint chit ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။