ခင်ဝင့်ဝါကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မင်းသမီးချော ခင်ဝင့်ဝါ ကတော့ မော်လ်ဒယ် တစ်ယောက်အနေနဲ့ စတင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ခင်ဝင့်ဝါ ဟာ ထိပ်တန်းမင်းသမီးတွေထဲကမှ တစ်ယောက်အပါဝင်ဖြစ်နေခဲ့ပါပြီပဲဖြစ်ပါတယ်။
သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေမဆိုသဘာဝကျကျအကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင်ထားနိုင်တာကြောင့် အောင်မြင်မှုတွေဆက်တိုက်ဆိုသလို ရရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဘယ်လို ဖက်ရှင်မျိုးကို မဆိုလိုက်ဖက်ညီအောင် ဝတ်ဆင်တက်တာကြောင့် ပျိုမဒီလေးတွေ အားကျနေရတာဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ခင်ဝင့်ဝါ က ချစ်ပရိသတ်တွေ အလွမ်းပြေအောင် ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးထဲမှာတော့ ခင်ဝင့်ဝါက မြင်သူတိုင်း ရင်ခုန်သွားစေမယ့် ကြွေရက်စရာ အမူရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း ခင်ဝင့်ဝါ က " လိုတာထက်ပိုပေးမိရင်အမှိုက်ဖြစ်သွားတဲ့ ထဲမှာ ချစ်ခြင်းမေတ္တာရော ပါလား" ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ကြွေသွားအောင်လည်းရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - Khin Wint Wah
Source - Khin Wint Wah's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။