အဆိုတော်အာဘွိုင်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အဆိုတေ်ာတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။. အာဘွိုင်းကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ဇနီးသည်လေးမြတ်ရတနာကျော်နဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးScarletကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အာဘွိုင်းတို့ မိသားစုလေးကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်မိသားစုလေးတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

photo credit :Yeminlay Photography
photo credit: Kyaw Phyo Tun 's facebook acc

အာဘွိုင်းရဲ့ သမီးလေးဖြစ်တဲ့ Scarletလေးကတော့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ ကလေးငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အာဘွိုင်းကတော့ ယခုမှာ တစ်ခစ်ခစ်နဲ့ တစ်ခစ်ခစ်နဲ့ အူတတ်အောင် အဆက်မပြတ်ရယ်မောနေတဲ့ သမီးလေးScarletကို ကြည့်ပြီး ချစ်မနိုင်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေရဲ့ ရှေ့ ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အာဘွိုင်းသမီးလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးဟာ မြင်ရသူတိုင်းကို ပြုံးပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit :Yeminlay Photography
photo credit: Kyaw Phyo Tun 's facebook acc

အာဘွိုင်းကတော့ " မိန်းကလေးတွေဆိုတာ ရီမောရင်တောင် သိမ်သိမ်မွေ့မွေ့ ရီရတယ် သမီး............ "ဆိုပြီး သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အာဘွိုင်းသမီးလေးရဲ့ ရယ်မောပျော်ရွှင်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: Kyaw Phyo Tun 's facebook acc

photo credit: Kyaw Phyo Tun 's facebook acc
photo credit: Kyaw Phyo Tun 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။