မြန်မာအနုပညာလောကရဲ့ မင်းသမီးခေတ်တစ်ခေတ် ကြော်ငြာဘုရင်မ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူကတော့ ပရိသတ်အချစ်တော် မင်းသမီး ထက်ထက်မိုးဦးပဲဖြစ်ပါတယ်။ ထက်ထက်ဟာ အကြောင်းကြောင်းကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရာမှ တဖန် အနုပညာလောကကို ပြန်လည်ချေခြခဲ့ချိန်မှာတော့ အရင်လိုမဟုတ်တော့ တော်တော်လေးဝနေပြီး အင်တာဗျူးတစ်ခုမှတောင် "အရင်လို မလှတော့မှာကြောက်တယ်" ဆိုပြီး ပြောခဲ့ပါသေးတယ်။

အခုတော့ ထက်ထက်တစ်ယောက် ပရိသတ်ကို အ့ံအားသင့်အောင် လုပ်ချပြလိုက်ပါပြီ။ သူမအနုပညာအလုပ်တွေပြန်လုပ်မှာမို့ ဝိတ်ပြန်ထိန်းမယ်လို့ပြောခဲ့ပေမယ့် ယခုလို တခဏလေးအတွင်း ဝိတ်ချလိုက်နိုင်မှုအပေါ် ပရိသတ်တွေက ချီးကျူးဝမ်းသာဖြစ်နေကြပါတယ်။

သူမရဲ့ ဓာတ်ပုံတွေတက်လာပြီး တခဏချင်းနောက်ပိုင်း သူမရဲ့ ပရိသတ်တွေကြားသာမက လူမှုကွန်ယက်သုံးစွဲသူအတော်များများထံက "ထက်ထက် အရမ်းလှတယ်" ဆိုတဲ့ အသံတွေထွက်ပေါ်လာပါတယ်။ တစ်ချို့ကတော့ "အရင်က ထက်ထက်ပြန်လာပြီ" လို့ ဆိုနေကြပါတယ်။ ကဲ ထက်ထက်ကို ချစ်တဲ့ ပရိသတ်ကြီးလည်း ထက်ထက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးဖို့ အသင့်ပြင်ထားကြတော့နော်.....

Source: Myanmar Beauty Stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။