photo credit - Team Envy twitter

North America region က esports organization တစ်ခုဖြစ်တဲ့ Team Envy ကတော့ သူတို့ရဲ့ ပထမဆုံး valorant team ကိုစတင်ဖွဲ့စည်းခဲ့ပြီပဲဖြစ်ပါတယ်။

Team Envy ဖွဲ့စည်းခဲ့တဲ့ valorant team roster ကတော့

aKis

c4Lypso

FNS

mummAy

kaboose

တို့ပဲဖြစ်ပါတယ်။

ဒီ players တွေအားလုံးဟာ အရင်က cs:go pro players တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ cs:go ကိုစွန့်ခွာပြီး Valorant game ဘက်ကိုကူးပြောင်းလာခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီ players တွေအားလုံးဟာ သူတို့ရဲ့ ပထမဆုံး Valorant pro players ဘဝကို together we are terrific မှာစတင်ခဲ့ကြပြီး 2020 ခုနှစ် 7 လပိုင်း 13 ရက်နေ့မှာ ၎င်းအသင်းကနေတရားဝင်ထွက်ခွာပြီး Team Envy ကိုပြောင်းရွှေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။ 

source - Team Envy twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။