ကလေးသရုပ်ဆောင်ဘဝထဲက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ သဲသဲလှုပ်အချစ်ခံရသူလေး အိစိကွေးကတော့ စာမေးပွဲကို နှစ်ချင်းပေါက်အောင်သွားပြီလို့ သိရပါတယ်။

ငယ်ငယ်ထဲက ချစ်စရာကောင်းခဲ့တဲ့ (၁၀)တန်းဖြေထားသူ သရုပ်ဆောင်အိစိကွေး က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို သူငယ်ချင်းတွေနဲ့အတူတူသွားကြည့်ခဲ့ရာ ဂုဏ်ထူးမပါပဲ ရိုးရိုးပဲအောင်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

အိစိကွေးကတော့ ဂုဏ်ထူးမပါတဲ့အတွက် သူတက်ချင်တဲ့ ကျောင်းမတက်မှာရစိုးတဲ့အတွက် အဝေးသင်တက်ဖြစ်ဖို့များတယ်လို့ ဖြေထားပါတယ်။

ကလေးသရုပ်ဆောင် အိစိကွေး က ၂၀၁၆-၂၀၁၇ ခုနှစ်ပညာ သင်နှစ် အထက်တန်းစာမေးပွဲကို သိပ္ပံတွဲ နဲ့ အ.ထ.က(၁)သင်္ဃန်းကျွန်းကနေ အောင်မြင်ခဲ့တယ် လို့သိရပါတယ်။ ဆယ်တန်းအောင်မြင်သွားတာကြောင့် တက္ကသိုလ် ဆတ်တက်ဖို့ အတွက် ပညာရေးနဲ့ ပတ်သတ်ပြီး တော့ သူရဲ့ အမေက Myanmar Celebrities ကိုအခုလို ပြောပြခဲ့ပါတယ်။

" သားက ဂုဏ် ထူး မပါလို့ စိတ်မကောင်းဖြစ်နေရှာတယ် သူ တက်ချင်တဲ့ကျောင်းက အမှတ်မှီဖို့ က မသေချာဘူးလေ..အဲ့ဒိတော့ အဝေးသင်တက်ခိုင်းဖို့ပဲ အားသာနေတယ် ပြီးတော့ သားက အခုလက်ရှိမှာလည်း MHR မှာ Businesses Management နဲ့ပတ်သတ်ပြီး ကျောင်းတက်နေသေးတယ်" လို့ပြောပါတယ်။

အိစိကွေး က အခုဆယ်တန်းအောင်သွား တာပြီးဖြစ်တာကြောင့် အနုပညာ လူပ်ရှားမူအနေနဲ့ ပတ်သတ်ပြီးတော့ လည်း " ဆယ်တန်းအောင်သွားပြီဆိုတော့ အနုပညာ အလုပ်တွေက တစိုက်စိုက်မတ်မတ်နဲ့တော့ လုပ်ဖြစ်မှာပါ ကားရိိုတ်ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း ရရာကာရိုတ်တာကနေပြီး အကောင်းဆုံးပါဝင်သရုပ်ဆောင်သွားမှာပါ သီချင်းပိုင်းနဲ့ ပတ်သတ်ပြီးတော့ ပရိသတ်ကို ချပြသွားစရာတွေရှိပါတယ် " လို့ပြောပါတယ်။

သတင်းအရင်းမြစ် myanmarclebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။