Mobile Legends ရဲ့ ယနေ့အချိန်မှာဆိုရင် လူကိုင်တာများပြီး Meta Tank ဖြစ်နေတဲ့ Hero ကတော့ Atlas ပဲဖြစ်ပါတယ်။ သူထွက်ထွက်ချင်းတုန်းကဆို Player တွေတော်တော်များများ Ban ခဲ့ကြပေမယ့် ခုချိန်မှာ Ban Hero တွေပေါများတာကြောင့် Meta Tank တွေဖြစ်ကြတဲ့ Khufra တို့ Atlas တို့လို Tank တွေက ကိုင်ဖို့လွတ်နေပြီဖြစ်ပါတယ်။ အာ့ကြောင့်ပဲ Player တွေအနေနဲ့ အခုလို Meta Tank တွေကို ကိုင်သင့်သလို မကိုင်တက်ရင်လဲ Train သင့်ပါတယ်။ အောက်မှာတော့ Atlas ရဲ့ Item Set ကိုဖော်ပြလိုက်ပါတယ်။  

Remodeled Hero

Atlas အနေနဲ့ ရန်သူတွေကို Slow Effect ကောင်းကောင်းပေးလို့ရပြီး Battle မှာ အုပ်စုလိုက် ဆွဲစုပြီး ဖြုတ်လို့ကောင်းတဲ့ Tank တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရန်သူတွေကို Slow Effect ကောင်းကောင်းပေးလို့ရအောင် Dominance Ice ဆိုတဲ့ Item ကိုဆက်သင့်ပါတယ်။ ဖိနပ်အနေနဲ့တော့ Rapid Boots ကိုဆက်ရင်ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာတော်တော်ကိုနှေးတဲ့အတွက် ရန်သူနောက်လိုက်ရင်မကျန်ခဲ့အောင် Skill 2 နဲ့ပေါင်းပြီးလိုက်ရင်အဆင်ပိုပြေစေပါတယ်။ နောက်တစ်ခုကတော့ Roam ဆက်တဲ့အခါ Courage Mask ကိုဆက်ပြီး Battle မှာ မြန်မြန်လှုပ်ရှားလို့ရအောင်ဆက်သင့်ပါတယ်။ 

Reworked Skin

သူရဲ့ Ulti ကလဲ Team Fight မှာတော်တော်ကောင်းစေတဲ့အတွက် Battle ဖြစ်နေချိန်အတွင်း နောက်တစ်ခါ ထပ်သုံးလို့ရအောင် Fleeting Time ကိုဆက်ပေးသင့်ပါတယ်။ အဲ့ဒီခါကျ ကိုယ်ကရန်သူကို သတ်တဲ့အခါ ကူညီပေးရင် Skill သုံးတဲ့ကြာချိန်ကို လျော့ပေးပါတယ်။ Battle မှာသွေးပြန်တက်ဖို့အတွက်ကတော့ Sky Guardian Helmet ကိုဆက်ပြီး သွေးနည်းတဲ့အခါ Skill 2 နဲ့ထွက်လိုက်ရင် Item ရဲ့ Effect ဟာ ချက်ချင်းသက်ရောက်မှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ကိုယ်ဟာ Battle မှာအချိန်အကြာကြီးရှိနေချင်ရင် Immortality ဆက်ပြီး ရန်သူဘက်က Mage Damage ကြမ်းနေရင်တော့ Oracle ဖြစ်ဖြစ် Athena's Shield ဖြစ်ဖြစ် ဆက်လို့ရပါတယ်။ ဒါကတော့ Atlas ရဲ့ Item Set ဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။