Meta Hero ဆိုတာ Update တွေထွက်ပြီးတိုင်း အမြဲပြောင်းလဲနေလျက်ရှိပါတယ်။ Meta Hero တွေဆိုတာကတော့ ခုလက်ရှိ Update နဲ့အတူ လိုက်ဖက်တဲ့ Hero တွေဖြစ်ပြီး ပွဲတွေမှာ အပြောင်းအလဲတွေပေးနိုင်မယ့် Hero တွေဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် နွေရာသီမှာ နွေရာသီနဲ့ လိုက်ဖက်တဲ့ အင်္ကျီတွေဝတ်တာတို့ ထီးဆောင်တာတို့ကို ပြောချင်းပဲဖြစ်ပါတယ်။ Meta ဆိုတာကလဲ အဲ့လိုမျိုးပါပဲ....ကိုယ့်အနေနဲ့လဲ Meta Hero တွေကို သိသင့်ပါတယ်။ မသိရင်တော့ သိတဲ့သူက ကိုယ့်ကို အနိုင်ယူသွားပါလိမ့်မယ်။ အောက်မှတော့ Meta ဝင်တဲ့ Hero တွေကို Role အလိုက်ဖော်ပြပေးလိုက်ပါတယ်။ 

Remodeled Hero

အရင်ဆုံး Tank Role အနေနဲ့ Meta ဝင်နေတဲ့ Hero တွေကတော့ Tigreal, Gatotkaca, Uranus, Khufra နဲ့ Atlas တို့ပဲဖြစ်ပါတယ်။ Mythic လို့ Rank အမြင့်တွေမှာတော့ တစ်ခါတစ်လေ Khufra တို့ Atlas တို့ကို Ban ကြလေ့ရှိပါတယ်။ FIghter တွေအနေနဲ့ကတော့ Chou, Aldous. Jawhead, X.Borg, Badang, Thamuz, Slivanna နဲ့ Guinevere တို့ပဲဖြစ်ပါတယ်။ Assassin ထဲမှာဆိုရင်တော့ အားလုံးပဲသိကြတဲ့အတိုင်း Selena, Lancelot, Hayabusa, Gusion နဲ့ Ling တို့ပဲဖြစ်ကြပါတယ်။ Ling ဟာဆိုရင်တော့ တော်တော်ကို Ban ခံရတဲ့ Hero ဖြစ်ပါတယ်။  

Reworked Skin

လူကိုင်များတဲ့ Role ဖြစ်တဲ့ Marksman Role ရဲ့ Meta Hero တွေကတော့ Bruno, Granger, Karrie, Lesely, Claude နဲ့ Hanabi တို့ပဲဖြစ်ကြပါတယ်။ Claude ကတော့ လူတော်တော်များ Ban ကြတဲ့ Hero ပဲဖြစ်ပါတယ်။ Mage Meat Hero တွေကတော့ Valir, Zhask, Pharsa, Chang'e,Cecilion, Nana နဲ့ Odette တို့ပဲဖြစ်ပါတယ်။ Odette နဲ့ Jhonson တို့ရဲ့တွဲလုံးကလဲ ဒီနေ့ချိန်မှာ ပြန်ခေတ်ထနေပါတယ်။ Support Meta Hero တွေကတော့ Angela, Estes, Diggie နဲ့ Carmilla တို့ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။