အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအနေနှင့် အီတလီစီးရီအေကလပ် ရိုးမားကစားသမား အီဂျစ်လက်ရွှေးစင်ဖြစ်တဲ့ မိုဟာမက်ဆာလာကို အပြီးသတ်ခေါ်ယူရန်နီးစပ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။  

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအနေနှင့် အီတလီစီးရီအေကလပ် ရိုးမားကစားသမား မိုဟာမက်ဆာလာကို ပေါင်သန်း၄ဝဖြင့် အရခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကာ ဆေးစစ်ရန်သာကျန်ရှိတော့သည်ဟု ဘောလုံးမီဒီယာများကရေးသားလျက်ရှိသည်။ 

အကယ်၍ လီဗာပူးအနေနှင့် ရိုးမားကစားသမား မိုဟာမက်ဆာလာကို ပေါင်သန်း၄ဝဖြင့် အရခေါ်ယူနိုင်ခဲ့ပါက အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ခေါ်ယူမှုဖြစ်လာနိုင်ပြီး အရင်စံချိန်မှာ ၂၀၁၁ခုနှစ်က အင်ဒီကာရိုးကို ပေါင်၃၅သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။