အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်နည်းပြမော်ရင်ဟိုအနေဖြင့် စပိန် လာလီဂါကလပ်ရီးရဲမက်ဒရစ်မှာ နည်းပြလုပ်ခဲ့စဉ်က အခွန်ရှောင်ခဲ့တယ်ဆိုပြီး စပိန်အစိုးရက စွဲချက်တင်ဖွယ်ရှိနေကြောင်းသိရှိရပါတယ်။ 

မန်ချက်စတာယူနိုင်တက်နည်းပြမော်ရင်ဟိုအနေဖြင့် စပိန် လာလီဂါကလပ်ရီးရဲမက်ဒရစ်မှာ နည်းပြနေစဉ်ကာလတွေဖြစ်တဲ့ ၂၀၁၁နှင့်၂၀၁၂ခုနှစ်တွေမှာ ပေါင်၂.၉သန်း(ယူရို၃.၃)သန်းထိ အခွန်ပေးအပ်ရန်ပျက်ကွက်ခဲ့တယ်ဟု စပိန်အစိုးရရှေ့နေတွေက စွဲချက်တင်ဖွယ်ရှိနေပါတယ်။

စပိန်အစိုးရအနေနဲ့ ပြည်တွင်းလာလီဂါကလပ်ရှိ ကစားသမားများနဲ့နည်းပြများကို တရားစွဲလျက်ရှိရာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆိီမှာ ပြစ်ဒဏ်ရှိကြောင်း အမိန့်ချခဲ့သလို ရီးရဲမက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုကိုလည်း လက်ရှိအချိန်တွင် အခွန်ရှောင်မှုဖြင့် တရားစွဲဆိုထားသည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။