စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏ဥက္ကဋ္ဌပီရက် အနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့အတွက် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ပစ်မှတ်ထားနေသော ဘောလုံးသမားအချို့ကို ဖွင့်ဟပြောကြားခဲ့သည်။

စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းနှင့် မကြာခဏဆိုသလိုပင် သတင်းထွက်သည့် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ နာမည်ကျော် စပိန်လက်ရွှေးစင် ဂိုးသမားဒီဂီယာကိုခေါ်ယူမည်မဟုတ်ကြောင်း ရီးရဲမက်ဒရစ်ဥက္ကဋ္ဌပီရက် ကပြောကြားခဲ့သည်။

သို့သော် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ အီတလီစီးရီအေကလပ် အေစီမီလန်အသင်း၏ဂိုးသမား ဒွန်နာရမ်မာနှင့် ယခုနာမည်ကြီးနေသည့် ပြင်သစ်လီဂူးကလပ် မိုနာကို၏ လူငယ်တိုက်စစ်မှူးလေး ဘာပေးကိုခေါ်ယူရန်ကြိ်ုးပမ်းသွားမည်ဖြစ်ကြောင်း ရီးရဲမက်ဒရစ်ဥက္ကဋ္ဌပီရက် ကပြောကြားခဲ့သည်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။