အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂျာမနီဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်း၏ နာမည်ကျော် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အောဘာမီယန်းကို ခေါ်ယူရန် ကမ်းလှမ်းကြိုးစားဖွယ်ရှိနေကြောင်းသိရှိရသည်။

ဂျာမနီဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်း၏ နာမည်ကျော် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အောဘာမီယန်း အနေနှင့် ယမန်နှစ် ဘောလုံးရာသီတွင် ဂျာမနီဘွန်ဒက်လီဂါတွင် ခြေစွမ်းပြကာ ဒေါ့မွန်အသင်းအတွက် ဂိုးများစွာသွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုရယူနိုင်ခဲ့သည်။

ထို့ကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်း၏ နည်းပြ ဂွာဒီယိုလာအနေနဲ့ ဒေါ့မွန်အသင်းတိုက်စစ်မှူး အသက်၂၈နှစ်ရှိအောဘာမီယန်းကို ပြောင်းရွှေ့ကြေးမြောက်များစွာပေးကာ မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်အားကို မြင့်တင်ရန် ကြံရွယ်နေခြင်းဖြစ်ကြောင့်သိရသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။