ဗြိတိန်နို်င်ငံလန်ဒန်မြို့မြောက်ပိုင်းရှိFinsburyParkဗလီတစ်ခုထဲကနေထွက်လာတဲ့လူအပါအဝင်လူအသွားအလာများပြာနေချိန်မှာအဆိုပါလူများသို့ မော်တော်ယာဉ်တစ်စီးက ဝင်တိုက်သွား တာကြောင့် လူ(၁)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိသွားကြောင်း The Independent သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါတိုက်လိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက်(၄၈)နှစ်အရွယ် ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားကာ ကြိုတင်ကာကွယ်မှုအဖြစ် ဆေးရုံကို ပို့ဆောင်လိုက်ကြောင်းနဲ့ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိမလာခင် လူအုပ်ကြီးက ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။ 

ဒါဟာ အမုန်းတရားအပေါ် အခြေခံတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ မူစလင်ခေါင်းဆောင်တွေက ပြောကြားခဲ့ပြီး ဗလီတွေမှာ လုံခြုံရေးတွေ တိုးမြင့်ချထားဖို့ တောင်းဆိုလိုက်သလိုရဲတပ်ဖွဲ့ကတော့ ဒါဟာ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် The Independent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။