Mobile Legends ဆိုတဲ့ဂိမ်းကြီးဟာဆိုရင် Land Of Dawn ဆိုတဲ့နေရာမှာ အခြေခံထားတဲ့ MOBA တစ်ခုဖြစ်တာကို ပရိသတ်ကြီးလဲသိရှိကြမှာဖြစ်ပါတယ်။ Land Of Dawn မြေပုံကြီးမှာ ဘယ်နယ်မြေတွေပါဝင်ပြီး ဘယ်သူတွေရှိကြလဲဆိုတာကို သိတဲ့သူရှိသလို မသိတဲ့သူလဲရှိကြမှာပါ။ မသိသေးတဲ့သူတွေအတွက်လဲ ခုလိုအကြောင်းအရာတွေကို သိလိုက်တော့ ဂိမ်းဆော့ရတာ ပိုအရသာတွေ့စေမယ်လို့ထင်ပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင် ပါဝင်တဲ့နယ်မြေတွေကိုဖော်ပြလိုက်ပါတယ်။ 

Remodeled Hero

ပထမဆုံးနယ်မြေကတော့ Moniyan Empire ဖြစ်ပြီး အရင်တုန်းကတော့ Mossenia ဆိုပြီး အသိများကြပါတယ်။ Moniyan Empire ကတော့ Hero တော်တော်များများ နေထိုင်ကြပါတယ်။ နောက်တစ်နေရာကတော့ City of Scholars ပဲဖြစ်ပါတယ်။ ဒီနေရာကတော့ နာမည်နဲ့လိုက်အောင်ပဲ နည်းပညာတွေနဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ နေရာပဲဖြစ်ပါတယ်။ နောက်နယ်မြေတစ်ခုကတော့ Cadia Riverlands ဆိုတဲ့ Oriental Fighters နဲ့ များစွာသော Eastern Hero တွေနေထိုင်ကြတဲ့နေရာဖြစ်ပါတယ်။ Yu Zhong က ဒီနယ်မြေတစ်ခုလုံးကို အုပ်ချုပ်ချင်တာဖြစ်ပြီး Great Dragon နဲ့တိုက်ခိုက်ချင်တာဖြစ်ပါတယ်။ 

Reworked Skin

Dragon Altar ဆိုတဲ့နယ်မြေကတော့ Yi Sun-Shin တစ်ယောက် Elder တွေဆိက Knowledge လိုချင်လို့သွားနေတဲ့ နေရာဖြစ်ပြီး Guardian Dragon တွေနဲ့ Kraken တို့တိုက်ခိုက်ကြတဲ့နေရာဖြစ်ပါတယ်။ Azrya Woodlands ဆိုတဲ့နယ်မြေကတော့ နတ်သူငယ်မျိုးနွယ်တွေ နေထိုင်တဲ့နေရာဖြစ်ပြီး Izirea ဆိုပြီးလို့လဲ သိကြပါတယ်။ The Vonetis Islands ဆိုတဲ့ကျွန်းကတော့ Badang , Lapu-Lapu နဲ့ Kadita တို့ ရှိတဲ့ကျွန်းဖြစ်ပြီး နေရာ ၃ခုရှိကာ တစ်ယောက် ၁ နေရာနေထိုင်ကြပါတယ်။ ဖော်ပြသွားတဲ့ နယ်မြေတွေထဲမှာ ထပ်ပြီးတော့ နယ်မြေတွေရှိပါသေးတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။