အသက်၁ရနှစ်အရွယ်ရှိတဲ့ တစ်ဦးတည်းသောသမီးလေးကို ရှာရွတ်ခန်းအနေနဲ့ နောက်ပိုင်းမှာ ပွဲထုတ်လာတာတော့ အမှန်ပါ။ ရှာရွတ်ခန်းရံ သမီးနာမည်ကတော့ Suhana Khan (ဆူဟာနားခန်းန်) လို့ခေါ်ပြီး မေလ ၂၂ရက်နေ့ ၂ဝဝဝခုနှစ်မှာမွေးဖွားခဲ့ပြီး အသက်၁ရနှစ်ရှိပြီဖြစ်ပါတယ်။

အရပ် ငါးပေနှစ်လက်မရှိတဲ့ Suhana ဟာ ကိုယ်အလေးချိန် ၉၃ပေါင်ရှိပြီး ခန္ဓာကိုယ်အချိုးအစားကတော့ ၃၀-၂၀-၃၄ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်လုံးအနက်ရောင်၊ ဆံပင်အညိုရောင်တို့ကိုပိုင်ဆိုင်ထားသူ Suhanaဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ မွေးဖွားခဲ့သူပါ။ 

မောင်နှမအနေနဲ့ Aryan Khan လို့ခေါ်တဲ့ အကိုတစ်ယောက်နဲ့ Abram Khan လို့ခေါ်တဲ့ မောင်ငယ်တစ်ယောက်ရှိပါတယ်။ Suhana နဲ့ပတ်သတ်ပြီး လူသိနည်းတဲ့အချက်ကတော့ ဖခင်ဖြစ်သူက ကမ္ဘာကျော် ဘောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်နေပေမယ့် သူမဟာ ရုပ်ရှင်နဲ့ပတ်သတ်တံ အနုပညာလုပ်ငန်းတွေကို စိတ်ဝင်စားမှုမရှိသူတစ်ယောက်ပါ။

သူမဟာ ဘောလုံးကန်ခြင်းအားကစားကို အရူးအမူးရူးသွပ်သူဖြစ်ပြီး သူမရဲ့ကျောင်းကိုယ်စားပြုဘောလုံးအသင်းမှာ အရေးပါတဲ့နေရာ ရယူထားသူတစ်ယောက်ပါ။ အိန္ဒိယကိုယ်စားပြု အသက် ၁၄နှစ်အောက် U-14 အမျိုးသမီးဘောလုံးအသင်းမှာ အသင်းကပ္ပတိန်ဖြစ်ခဲ့သူတစ်ဦးပါ။ 

ဒါ့အပြင် သူမဟာ စာရေးခြင်းကိုဝါသနာပါပြီး နိုင်ငံအဆင့် Katha national story writing ပြိုင်ပွဲမှာ ဆုရရှိထားသူတစ်ဦးပါ။ One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Zayn Malik ကိုလည်း အရူးအမူးသဘောကျသူတစ်ဦးလို့သိရပါတယ်။

သတင်းအရင်းမြစ် Starsunfolded

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။