အေးမြတ်သူရဲ ့ပရဟိတအပေါ်ထားတဲ့ သဘောထားခံယူချက််

ပရိသတ်ကြီးရေ အကူအညီလိုအပ်နေသူတွေကို ကိုယ်ကျိုးမကြည့်ဘဲ လိုအပ်တဲ့အကူအညီပေးခြင်းဟာ အလွန်ကိုမွန်မြတ်လှတဲ့

ပရဟိတအလုပ်ကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်နော်။

ပရဟိတလုပ်ဆောင်ရတာကို နှစ်သက်တဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူက သူမအနေနဲ ့ပရဟိတအပေါ်မှာထားတဲ့ ခံယူချက်သဘောထားကို

အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“ပရဟိတဆိုတဲ့ စကားက တစ်အားကို ကျယ်ပြန် ့လွန်းပါတယ်။ ပြောရမယ်ဆို ညွှန်းစာဖွဲ ့လို ့မမှီပါဘူး။ အေးမြတ်သူ စိတ်ထဲမှာ ခံယူထားတဲ့

အရိုးရှင်းဆုံးကတော့ အတ္တမပါဘဲ ကိုယ်ကျိုးမကြည့်တဲ့ ကောင်းသောအလုပ်ကို လုပ်ဆောင်ခြင်းလို ့ခံယူထားပါတယ်။ ပရဟိတကကို အနုပညာရှင်မှ

မဟုတ်ပါဘူး။ လူကြီးလူငယ် မရွေးအားလုံး လုပ်လာကြတာ တွေ ့ရတော့ အရမ်းကို ဝမ်းသာစရာကောင်းပါတယ်။ အနုပညာရှင်တွေ

ပရဟိတလုပ်ခြင်းအားဖြင့် မလုပ်သေးတဲ့လူတွေလည်း မြင်သွားမယ်။ လုပ်ချင်စိတ်ပိုဖြစ်လာတယ် ငါလည်း သွားလှူရင်ကောင်းမယ်။

လှူသင့်တယ်ဆိုတဲ့ အတွေးလေးတွေ ပွင့်လာတာပေါ့။ ဒါပေမယ့် အနုပညာရှင်တွေထက် ပိုပြီး ပေးဆပ်နိ်ုင်တဲ့ ပိုပြီး လုပ်နိုင်တဲ့ ပြည်သူထဲက

လေးစားထိုက်တဲ့ ပရဟိတသမားတွေ အများကြီး ရှိပါတယ်” လို ့အေးမြတ်သူကပြောပြသွားခဲ့တာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။