ပြီးခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်း လမ်းဖြတ်ကူးရင်းဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူပေါင်း (၄) ထောင်နီးပါးရှိတယ်လို့ တရုတ် သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း sputniknews မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာပြီးခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်း လမ်းဖြတ်ကူးသူတွေကို တိုက်မိတဲ့ ယာဉ်မတော်တဆမှုပေါင်း (၁၄၀၀၀) လောက်ရှိပြီး သေဆုံးသူပေါင်း (၃၈၀၀) ကျော်ရှိကြောင်း ယာဉ်ကြော စီမံခန့်ခွဲရေး ဗျူရိုရဲ့ ထုတ်ပြန်ချက်အရ သိိရှိရပါတယ်။ 

ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့ အကြောင်းရင်းတွေထဲက (၉၀) ရာခိုင်နှုန်းကတော့ ယာဉ်မောင်းတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ချိုးဖောက်မိခြင်းအပါအဝင် လမ်းကူးသူတွေဘက်က မဆင်မခြင် လမ်းဖြတ်ကူးမှုတွေကြောင့်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် sputniknews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။