ပြင်သစ်နိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းလာတဲ့ China Eastern လေကြောင်းလိုင်း MU744 လေယာဉ်ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားတာကြောင့် လူ(၃၀)နီးပါး ဒဏ်ရာရရှိသွားတယ်လို့ The Straits Times မှာဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ ချားလ်ဒီဂေါ လေဆိပ်ကနေ တရုတ်နိုင်ငံ ကူမင်း ချန်ရွှီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းလာတဲ့ လေယာဉ် MU744 ပေါ်မှာ ခရီးသည်တွေပေါ် အထုတ်တွေ ပြုတ်ကျတာ ဒါမှမဟုတ် ခေါင်းပေါ်က လော့ကာတွေနဲ့ တိုက်မိတာတွေကြောင့် ခရီးသည်တွေဟာ အရိုးကျိုးတာတွေ၊ ခေါင်းပေါက်တာတွေနဲ့ အသေးစားဒဏ်ရာတွေ ရရှိတာကြောင့် ဆေးကုသမှု ခံယူနေကြောင်းသတင်းမှာဖော်ပြထားပါတယ်။ 

လေယာဉ်ပေါ်မှာ ပြင်းပြင်းထန်ထန် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ စုံစမ်းနေဆဲဖြစ်သလို ထိခိုက်ဒဏ်ရာရသူတွေနဲ့စပ်လျဉ်းပြီး အသေးစိတ်မသိရသေးပါဘူး။

Aung  

သတင်းအရင်းမြစ် The Straits Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။