Mobile Legends ဆိုတဲ့ ဂိမ်းဟာဆိုရင် ယနေ့ချိန်မှာ တော်တော်အောင်မြင်မှုရရှိထားတဲ့ ဂိမ်းတစ်ခုလို့ပြောလို့ရပါတယ်။ Mobile Game လောကရော PC လောကသမားတွေပါ Asia မှာမသိတဲ့သူမရှိသလောက်ပါပဲ။ ဒီဂိမ်းဟာဆိုရင်လဲ Land Of Dawn ဆိုတဲ့ နေရာမှာ အခြေခံပြီး ဖြစ်ပေါ်နေတဲ့ စစ်ပွဲလို့ပြောလို့ရပါတယ်။ ဒီနယ်မြေမှာရှိကြတဲ့ သူတွေက ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ကိုယ့်နယ်မြေနဲ့ကိုယ် စစ်တွေဖြစ် နယ်တွေလု စတဲ့ ပြဿနာတွေရှိနေကြပါတယ်။ အောက်မှာဆိုရင်တော့ Land of Dawn မှာပါတဲ့ နယ်မြေတွေရဲ့ ဒုတိယပိုင်းကို ဖော်ပြလိုက်ပါတယ်။

Remodeled Hero

The Barren Lands ဟာဆိုရင် တစ်ချိန်တစ်ခါက လှပဆိုပြေတဲ့ နယ်မြေတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်ခုချိန်မှာတော့ ဆွေးမြေ့ခြင်းတွေနဲ့ သေခြင်းတရားတွေနဲ့သာ ဖြစ်နေတဲ့ နယ်မြေဖြစ်ခဲ့ပါပြီ။ ဒီနယ်မြေနဲ့ပတ်သတ်လို့ Heroအသစ်ဖြစ်တဲ့ Benedetta က "One day, the flowers will bloom again in the barren lands" ဆိုပြီး ပြောဖူးပါတယ်။ Agelta Drylands ကတော့ အများအားဖြင့် Western Desert လို့လဲခေါ်ပါတယ်။ အများအားဖြင့် အဲ့နယ်မြေမှာ Western Heroe တွေနေထိုင်ကြပါတယ်။ သဲကန္တာရ နယ်မြေဖြစ်တဲ့အတွက် အစာရေစာတော့ ရှားပါပါတယ်။ Hero အသစ်ဖြစ်တဲ့ Barats နဲ့သူရဲ့Detona ဆိုတဲ့ ဒိုင်နိုဆော တို့ဟာ Agelta Drylands တစ်ခုလုံးကို စူးစမ်းရှာဖွေနေကြတာဖြစ်ပါတယ်။

Northern Vale ဆိုတဲ့နေရာကတော့ နှင်းတွေနဲ့ နှင်းမုန်တိုင်းတွေ ဖြစ်ပေါ်လေ့ရှိတဲ့နေရာဖြစ်ပြီး Land Of Dawn ကို ကာကွယ်နေတဲ့ Guardian လေးယောက်ထဲက တစ်ယောက်ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနယ်မြေမှာဆိုရင် Bane ဟာငြိမ်ချမ်းစွာနေနေတဲ့ သူတွေရဲ့ဘဝကို ဖျက်စီးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကိုမကျေနပ်တဲ့ Franco တို့အဖွဲဟာ Bane ကိုဆန့်ကျင်ကာတိုက်ခိုက်ကြပါတယ်။ Freya ဟာလဲ ဒီနယ်မြေမှာ Legend တစ်ယောက်ဖြစ်ပါတယ်။ Northern Vale မှာဆိုရင် နောက်ထပ်နယ်မြေကြီးနှစ်ခုရှိပါသေးတယ်။ ခုဖော်ပြသွားတဲ့ နယ်မြေတွေထဲမှာလဲ ကျန်ရှိနေသေးတဲ့ နယ်မြေအသေလေးတွေအများကြီး ကျန်ပါသေးတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။