လွှမ်းပိုင်ရဲ့ 'ဂီတစာဆို' အခွေထွက်ပြီး သုံးနှစ်အကြာမှာတော့ 'ဂီတဗေဒ' ဆိုတဲ့ သီချင်းခွေဟာ မကြာခင်ထွက်တော့မှာဖြစ်ပါတယ်။ ထို သီချင်းခွေကို promo လုပ်တဲ့ အနေနှင့် သူ့သီချင်းအချို့ရဲ့ ၁၀ စက္ကန့်ကို ထည့်ပြီး ဖေ့ဘွတ်ပေါ်တင်ခဲ့ပါတယ်။ ထိုသီချင်းတွေ ထဲကမှ သီချင်းတစ်ပုဒ်ဟာ The Jokerr ရဲ့ သီချင်းကို copy လုပ်ထားတာပါဆိုပြီး ဖေ့ဘွတ် အသုံးပြုတဲ့ သူက တင်ခဲ့ပါတယ်။

ထို ကိစ္စကို မူရင်းအဆိုတော်ကိုယ်တိုင် သိသွားခဲ့ပြီး သူ့ရဲ့ အကောင့် မှာ 'မြန်မာပြည်က နာမည်ကြီးအဆိုတော်တစ်ယောက်က ကျွန်တော်ရဲ့ flow ကို (jacking) ကူယူခိုးချ နေတယ်လို့ သိရတယ်။ တော်တော်ရယ်ရတာပဲ။ ကျွန်တော်စိတ်မဆိုးပါဘူး' ဆိုပြီး တင်ထားခဲ့ပါတယ်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လွှမ်းပိုင်က ထို အဆိုတော်ကို direct သွားမေးခဲ့တော့ 'တကယ်တော့ ပထမ အပိုဒ်ကသာ မယ်လိုဒီရော rap ရွတ်တာရော တူနေတာပါ' ဆိုပြီး ပြောခဲ့ပါတယ်။ လွှမ်းပိုင်အနေနှင့် လည်း အောက်တွင်ပြထားတဲ့ အတိုင်း စာအရှည် နှင့်တကွ ထိုသီချင်းဟာ 'စုတုပြု' ထားတာသာ ဖြစ်ပြီး copy ကူးထားတာမဟုတ်ကြောင်းရှင်းပြသွားခဲ့ပါတယ်။ 'ဂီတဗေဒ' ကတော့ ဇွန် ၂၄ ရက်မှာ Junction square မှာစတင်ဖြန့်ချီသွားမယ်လို့သိရပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။