တရုတ်နို်င်ငံရဲ့ ပထမဆုံးအွန်လိုင်းစွယ်စုံကျမ်းကို ပြုစုရေးသားဖို့အတွက် တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေက ပညာရှင်(၂)သောင်းကျော် ကို စုဆောင်းနေတယ်လို့ sputniknews သတင်းမှာဖော်ပြထားပါတယ်။ 

(၁၉၉၃) ခုနှစ်နဲ့ (၂၀၀၉)ခုနှစ်တွေမှာ တရုတ်နိုင်ငံရဲ့ စွယ်စုံကျမ်းပုံနှိပ်တိုက်က စွယ်စုံကျမ်းတွေကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး တတိယမြောက် ထုတ်ဝေတဲ့ စွယ်စုံကျမ်းကိုတော့ လာမဲ့နှစ်မှာ အွန်လိုင်းပေါ် ဖြန့်ချီသွားမှာပါ။

တတိယအကြိမ် အွန်လိုင်းပေါ် ဖြန့်ချီမယ့်စွယ်စုံကျမ်းကတော့ အခမဲ့ ဖတ်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းစွယ်စုံကျမ်းမှာတော့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ သိပ္ပံနဲ့ အခြားဘာသာရပ်တွေက အကြောင်းအရာပေါင်း(၁)သိန်းနဲ့ ပညာရပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း(၁၀၀)ကျော် ပါဝင်မှာဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် sputniknews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။