နေအိမ်တွေကို စွန့်ခွာထွက်ပြေးရတဲ့ ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာနဲ့စုစုပေါင်း အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း သန်း(၇၀)နီးပါး မြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်လိုက်ကြောင်း Washington Post မှာဖော်ပြထားပါတယ်။ 

ကမ္ဘာတစ်ဝှမ်းမှာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း အရေအတွက်ဟာ (၂၀၁၅)နှစ်ကုန်ပိုင်းထက် (၃)သိန်းမြင့်တက်လာခဲ့တယ်လို့ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားတာပါ။ 

(၆)နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံမှာ ရွေ့ပြောင်းနေထိုင်သူ (၁၂)သန်းရှိပြီး ရွေ့ပြောင်းနေထိုင်သူအများဆုံးအဖြစ် ဆီးရီးယားနိုင်ငံပြီးရင် ကိုလံဘီယာ၊ အာဖဂန်၊ အိီရတ်နဲ့ တောင်ဆူဒန်နိုင်ငံတွေက ထိပ်ဆုံးနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Aung

သတင်းအရင်းမြစ် Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။