စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စင်ကာပူနိုင်ငံသားတွေကို တောင်းပန်ကြောင်း သတင်းထုတ်ပြန်ကြောင်းကို Channel NewsAsia မှာဖော်ပြထားပါတယ်။

တောင်းပန်ရတဲ့ကိစ္စကတော့ ကွယ်လွန်ခဲ့တဲ့ဖခင်ဖြစ်သူရဲ့ နေအိမ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုနဲ့စပ်လျဉ်းပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ခဲ့တဲ့ဖခင် လီကွမ်ယု ပိုင်ဆိုင်တဲ့ 38 Oxley လမ်းက နေအိမ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်လီရှန်လွန်းနဲ့ သူ့ရဲ့မောင်နှမတွေအကြား ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့သလို အဆိုပါအငြင်းပွားမှုဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို ထိခိုက်မှု ရှိစေခဲ့တဲ့အတွက် အလေးအနက် တောင်းပန်ကြောင်းသတင်းမှာ ဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။