ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူမင်းကတော့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ လူမင်းကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး စွယ်စုံရအနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit : amazing grace
photo credit : Ayarwady Lu Min 's facebook acc

အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ လူမင်းကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လူမင်းကတော့ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပြီး လူမင်းရဲ့ သားသားမီးမီးလေးတွေ သိတတ်လိမ္မာပြီး စကားပြောယဉ်ကျေးတဲ့ ကလေးငယ်လေးတွေပဲ ဖြစ်ကြပါတယ်။

photo credit : amazing grace
photo credit : Ayarwady Lu Min 's facebook acc

လူမင်းရဲ့ သားနဲ့ သမီးလေးဟာ အသက်ငယ်ငယ်လေးနဲ့ ဘာသာတရားကိုင်းရှိုင်းကြပြီး မနက်စောစောစီးစီးမှာ ပုတီးစိပ်ကာ တရားထိုင်နေခဲ့ပါတယ်။ လူမင်းတို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လူမင်းတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source : Ayarwady Lu Min 's facebook acc 

photo credit : Ayarwady Lu Min 's facebook acc
photo credit : Ayarwady Lu Min 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။