မြောက်ကိုရီးယား က ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန် ကော်လိပ်ကျောင်းသား အော်တိုဟာ အမိမြေကို ပြန်ရောက်ပြီး တစ်ပတ်အကြာမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်း ABC News မှာဖော်ပြထားပါတယ်။

ကွယ်လွန်ချိန်မှာတော့ အသက် ၂၂ နှစ်အရွယ်ပဲရှိသေးတယ်ဆိုပေမယ့် ဘာကြောင့်သေဆုံးရတယ်ဆိုတာကိုတော့ အော်တို့ မိသားစုဝင်တွေကပြောကြားထားခြင်းမရှိပါဘူး။အော်တိုဟာ ၂၀၁၆ ခုနှစ် မြောက်ကိုရီးယားကိုသွားရောက်လည်ပတ်ချိန်မှာမြောက်ကိုးရီးယား အစိုးရရဲ့ဝါဒဖြန့် ပိုစတာကို ဆွဲဆုတ်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၁၅နှစ်စီရင်ချက်ချအပြီး မကြာခင်မှာ အော်တိုဟာ ကိုးမားရော ဂါ ခံစားနေရတယ်လို့ ပြောကြာလာပါတယ်။

ပြစ်ဒဏ်ကျပြီး၁၇ လအကြာ မှာတော့ မြောက်ကိုရီးယား အာဏာပိုင်တွေက သတိမေ့မျောနေတဲ့ အောတိုကို ပြီးခဲ့တဲ့ အပတ်က ပြန်လွတ်ပေးခဲ့ပေမယ့် ဘာမှမသိရှိတဲ့ အောတိုဟာ နောက်ဆုံးသေဆုံးသွားခဲ့ပါပြီ။

Aung

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။