အားကစားလုပ်ခြင်းက သက်လုံကောင်းစေသလို အသက်ရှည်စေတယ်ဆိုလည်း မမှားပါဘူး ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ လူတွေဟာ ဟိုရှေ့ရှေ့ကနေ အားကစားနည်းတွေကို အမျိုးမျိုးတီထွင် ကစားလာခဲ့ကြ ပါတယ်။ဒီအထဲမှာမှ လူတွေ ကြိုက်နှစ်သက်မှု များတဲ့ အားကစားနည်းကတော့ ဘတ်စကတ်ဘော ကစားနည်း ပါပဲ။ ပြောရမယ်ဆိုရင် မယုံမရှိနဲ့ ဒီကစားနည်းက အရပ်ရှည်စေတာတော့ အမှန်ပဲဗျို့။  

အမျိုးသား ရော အမျိုးသမီးတွေပါ ဒီကစားနည်း ကို ကြိုက်နှစ်သက်ကြပါတယ်။ ထင်ရှားတဲ့ ကမ္ဘာကျော်အားကစားဆိုလည်း မမှားပါဘူး ဒီကစားနည်းကို ၁၈၉၁ ခုနှစ် မက်ဆာချုူးဆက်ပြည်နယ် က ကနေဒါရုပ်ပိုင်းဆိုင်ရာ ပညာရေးနည်းပြဆရာတစ် ဦးဖြစ်တဲ့ ဂျိမ်းနိုက်စမစ် (James Naismith)က ဘောလုံးထက် ထိခိုက်မှုနည်းတယ်ဆိုပြီး တီထွင်ခဲ့ပါသတဲ့။သူ စတင်ခဲ့ပြီး မကြာခင်မှာ လူကြိုက်များတဲ့ အားကစားဖြစ်လာခဲ့ပါတယ်။ အမျိုးသား ဘတ်စကတ်ဘော အသင်း တစ်သင်းဖြစ်တဲ့ (NBA) ကို ၁၉၄၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ယဉ်ကျေးမှု အစိတ်အပိုင်း တစ်ခု ဖြစ်လာတဲ့ အာကစားအဖြစ်ပေါ်ထွက်ခဲ့ပါတယ်။ကစားနည်းတိုင်းမှာ စည်းမျဉ်းစည်းကမ်း တွေရှိပီးသားပါ ဒီကစားနည်းမှာလည်းစည်းမျဉ်း ၁၃ ချက်ကို လိုက်နာရပါမယ် ။ အသေးစိတ်တော့မပြောတော့ပါဘူး။ ကစားတဲ့ သူတွေ သိပြီသားနေမှာပါ။ပထမတော့ မက်မွန်တောင်းနဲ့ ကစားတာဖြစ်ပြီးနောက် ၁၉၀၆ ခုနှစ်မှာ သတ္တု ပိုက်ကွန် backboards တို့ထည့်သွင်းလာခဲ့ပါတယ်။ပထမဆုံးအပြည်ပြည်ဆိုင်ရာ ပွဲကြီးကိုတော့ ၁၉၀၉ ခုနှစ် စိန့်ပီတာမှာကျင်းပခဲ့ပါတယ်။

ဘတ်စကတ်ဘော လောကမှာ ကစားသမား မိုက်ကယ် ဂျော်ဒန် ကိုမသိသူမရှိကမ္ဘာကျော်ခဲ့ပါတယ်။၂၀၂၀ ပထမလ အတွင်းမှာ သေဆုံးသွားခဲ့တဲ့ Kobe Bryant ဟာဆိုရင်လည်း ကမ္ဘာကျော်ကစားသမား တစ်ဦးပါ။ မြန်မာနိုင်ငံအနေနဲ့ ဘတ်စကတ်ဘောက သိပ်ရေပန်းမစားပေမယ့် နိုင်ငံတစ်ကာမှာတော့ လူသိပ်ကြိုက်တဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ နောက်လည်း အားကစားနဲ့ပတ်သက်တဲ့ ဗဟုသုတ တွေကို ရေးပေးသွားမှာပါ ။ 

source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။