အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအစိုးရရဲ့လက်ရှိလုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေမှာပိုမိုတိုးတက်ကောင်းမွန်လာအောင်နည်းပညာကုမ္ပဏီတွေကပူးပေါင်းပါဝင်ပေးဖို့တောင်းဆိုလိုက်ကြောင်း ABC News မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတထရမ့်ကပြောကြားရာမှာအခုလိုနည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုပိုင်းဆိုင်ရာတောင်းဆိုမှုရည်ရွယ်ချက်ကတော့ဖက်ဒရယ်အစိုးရရဲ့ နည်းပညာတွေကို ပြောင်းလဲဖို့၊ ပြည်သူတွေကိုပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးဖို့အပြင်ဆိုက်ဘာတိုက်ခိုက်မှုတွေကိုထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ လို့သတင်းမှာဖော်ပြထားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ ပြည်ပအလုပ်သမားတွေရဲ့ ဗီဇာစနစ်တွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း အက်ပဲလ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တင်ကွတ်နဲ့ ဂူးဂယ်ရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘတ်အမှုဆောင်ဥက္ကဌ အဲရစ် ရှမစ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
Aung
သတင်းအရင်းမြစ် ABC News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။