သေနတ်တွေနဲ့ ဂက်စ်အိုးတင်ဆောင်လာတဲ့ ကားတစ်စီးက ရဲကားတစ်စီးကို ဝင်တိုက်ခဲ့တယ်လို့ Channel News Asia သတင်းမှာဖော်ပြထားပါတယ်။ 

အဆိုပါအကြမ်းဖက်ဖြစ်စဉ်ကပြင်သစ်နိုင်ငံပဲရစ်မြို့တော်ရှိချမ့်မ်ပ်စ်အလိုက်ဇီရိပ်သာလမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးညနေ(၄)နာရီလောက်မှာအမျိုးသားတစ်ဦးက လက်နက်တွေတင်ဆောင်လာတဲ့ ကားကို မောင်းနှင်ကာရဲကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် ပိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ 

ပေါက်ကွဲမှုမှာ ရဲကားလည်း မီးလောင်ကျွမ်းခဲ့ပြီး တိုက်ခိုက်သူအဖြစ်သံသယရှိသူ အသက်(၃၁)နှစ်အရွယ် အဒမ် ဇာဇီယာဆိုသူကတော့ သူမောင်းနှင်လာတဲ့ ကားထဲက ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်ပေါက်ကွဲမှုဖြစ်စဉ်အတွင်းသေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် Channel News Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။