မင်းသမီးချောလေးဧငြိမ်းဖြူကတော့ အောင်မြင်လျက်ရှိနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အဆိုတော်ရဲရင့်အောင်ကတော့ အောင်မြင်တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။

photo credit : A Nyein Phyu 's facebook acc
photo credit : A Nyein Phyu 's facebook acc

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပြီး အချိန်အတော်ကြာ ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ လက်တွဲလာကြတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်ကို နားလည်မှုအပြည့်ပေးပြီး အေးချမ်းသာယာတဲ့ ချစ်သူဘဝလေးကို အတူ တည်ဆောက်ထားနိုင်ခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးကတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူဖြတ်သန်းလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

photo credit : A Nyein Phyu 's facebook acc
photo credit : A Nyein Phyu 's facebook acc

သူမကတော့ ယခုမှာ ရုပ်တည်ကြီးနဲ့ ထိုင်နေတဲ့ ရဲရင့်အောင်ရဲ့ ပါးလေးကို အားပါးတရဆွဲဖျစ်ပြီး TIKTOKလေးကို ဆော့ကစားထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ သူမကတော့ " နောက်ဆုံးတစ်ခုက အထဲနဲ့အပြင် Quality လဲမတူဘူး " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့ အတူ ရေးသားထားခဲ့တာပဲဖြစ်ကာ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဧငြိမ်းဖြူတို့ စုံတွဲလေးရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ရပါတယ်။

source : A Nyein Phyu 's facebook page  

photo credit : A Nyein Phyu 's facebook acc
photo credit : A Nyein Phyu 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။