စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၏ နည်းပြအသစ် ဗန်ဗာဒီအနေနဲ့ ဘာစီလိုနာအသင်းကို အင်အားဖြည့်ရန် ကစားသမားအသစ်များခေါ်ယူလျက်ရှိရာ ယခုတစ်ဖန်တွင်လည်း နောက်ခံလူအသစ်တစ်ယောက် ခေါ်နိုင်ချေရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ 

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၏ နည်းပြအသစ် ဗန်ဗာဒီအနေနဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း၏ နောက်ခံလူ ဆီမီဒိုကို ခေါ်ယူရန် မျက်စီကျနေခြင်းဖြစ်ကာ အသင်း၏နောက်တန်းအင်အားကိုဖြည့်တင်းရန်ကြံရွယ်နေခြင်းဖြစ်သည်။

အသက်၂၃နှစ်သာရှိသေးသော ဘင်ဖီကာအသင်း၏ နောက်ခံလူ ဆီမီဒိုသည် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးသမားတစ်ဦးဖြစ်ကာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအတွက် ၆၃ပွဲကစားပေးထားကာ ၃ဂိုးသွင်းယူပေးထားသော ကစားသမားတစ်ဦးဖြစ်သည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။