မော်ဒယ်သန္တာလှိုင်ကတော့ အောင်မြင်လျက်ရှိနေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အချိုးအစားပြေပြစ်လှပတဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားခဲ့တဲ့ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ ချပြလေ့ရှိပါတယ်။

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

သူမကတော့ ယခုမှာ ကြော်ငြာရိုက်ရမယ့်အချိန်မှာ မတော်တဆလက်ကျိုးသွားပြီး အရိုးပဲ့ထွက်သွားခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ပါတယ်။သူမကတော့ " အဲတော်.... ၂၉ရက်နေ့ လက်ကို သုံးရမယ့် ကြော်ငြာရိုက်ရပါမယ်ဆိုမှပဲ မနေ့ညကမှ လက်ကျိုးပြီး အရိုးလေးပဲ့သွားတယ်။ ဒါပေမယ့် ပြသနာမရှိဘူး.... ကျွန်မရဲ့ fan တွေထဲက လက်အစားထိုး model လုပ်ချင်တဲ့သူတွေအတွက် အခွင့်အရေးရတာပေါ့လို့ပဲ မြင်တယ် " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

သူမကတော့ " အဲဒီတာ့ အစားထိုးလက် Model လုပ်ဖို့ စိတ်ဝင်စားရင် 1. မသန္တာလှိုင်လက်နှင့် နီးစပ်မှူရှိသော ကျား/မ မရွေးလက်လေးတွေကို ဓါတ်ပုံရိုက်ပြီး ph no အပါအဝင် အောက်မှာ မန့်ပေးပါ2. လက်အသားရောက်က မသန္တာလက်နှင့် အသားအအရောင်နီးစပ်မှူ ရှိရပါမည်3. ၂၉ ရက်နေ့ မနက် ၁၀:၀၀ မှ ညနေ ၅:၀၀ အထိ အချိန် ပေးနိုင်ရပါမည်4. တစ်ရက်စာ shooting အနုပညာကြေး ပေးပါမည် စကာတင် အရွေးခံရလျှင် ph ခေါ်ပါမယ် " ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source : Thandar Hlaing သန္တာလှိုင် 's facebook page  

photo credit : Thandar Hlaing သန္တာလှိုင် 's facebook page
photo credit : Thandar Hlaing သန္တာလှိုင် 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။