မင်းသားချောလေးနေမင်းကတော့ အနုပညာလောကမှာနေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ နေမင်းကတော့ ကျရာနေရာမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူလေးပဲ ဖြစ်ပါတယ်။

photo credit : Nay Min ' s facebook acc
photo credit : Nay Min ' s facebook acc

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ နေမင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေမင်းကတော့ ယခုမှာ ပကာသနမရှိဘဲ မြေကြီးပေါ်မှာကျကျနနထိုင်ပြီး ရိုးသားပွင့်လင်းတဲ့လူတွေနဲ့ လက်ရည်တစ်ပြင်တည်းစားရင်း ထမင်းစားမြိန်နေခဲ့ပါတယ်။

photo credit : Nay Min ' s facebook acc
photo credit : Nay Min ' s facebook acc
photo credit : Nay Min ' s facebook acc

မိုးကုတ်ကိုရောက်ရှိနေခဲ့တဲ့ နေမင်းကတော့ " ဖြစ်သလိုမနေတတ်ခြင်းမှသည်နေသလိုဖြစ်အောင် ကြိုးစားခြင်းဆီ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးနေမင်းရဲ့ ခင်မင်ရင်းနှီးရသူတွေနဲ့ အေးချမ်းသာယာတဲ့ နေရာလေးမှာ ထမင်းလက်ဆုံစားရင်း ပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: Nay Min ' s facebook acc

photo credit : Nay Min ' s facebook acc
photo credit : Nay Min ' s facebook acc
photo credit : Nay Min ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။