အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းသည် လာမည့်ဘောလုံးရာသီအတွက် အမှတ်ပေးဖလားကိုစိန်ခေါ်ရယူနိုင်ရန် ယခုဘောလုံးအပြောင်းအရွှေ့တွင် အသင်းကိုအင်အားဖြည့်တင်းလျက်ရှိသည်။ 

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် ုယခုဘောလုံးအပြောင်းအရွှေ့တွင် ဘင်ဖီကာနောက်ခံလူလင်ဒီလော့ဖ်ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သော်လည်း နောက်ထပ် ဘင်ဖီကာနောက်ခံလူဆီမီဒိုကိုပါ ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရှိရသည်။

အသက်၂၃နှစ်သာရှိသေးသော ဘင်ဖီကာအသင်း၏ နောက်ခံလူ ဆီမီဒိုသည် ပေါ်တူဂီလက်ရွှေးစင်ဘောလုံးသမားတစ်ဦးဖြစ်ကာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအတွက် ၆၃ပွဲကစားပေးထားကာ ၃ဂိုးသွင်းယူပေးထားသော ကစားသမားတစ်ဦးဖြစ်သည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။