ဦးကျော်ထူးကတော့ ဟာသဇာတ်ရုပ်တွေများစွာနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးလျက်ရှိနေတဲ့ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ကျော်ထူးကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : U Kyaw Htoo 's facebook acc
photo credit : U Kyaw Htoo 's facebook acc

ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လူတိုင်းကို အပြုံးလေးတွေနဲ့ ပြောဆိုတတ်ကာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ ဦးကျော်ထူးကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ထူးကတော့ ယခုမှာ အခက်အခဲဖြစ်နေတဲ့ဦးတိမ်ညွှန်ဆီကို ဆန်၊ဆီနဲ့ အလှူငွေတွေလှူဒါန်းခဲ့တဲ့ မိသားစုရဲ့ကိုယ်စား ကိုယ်တိုင်သွားပေးခဲ့ပါတယ်။

photo credit : U Kyaw Htoo 's facebook acc
photo credit : U Kyaw Htoo 's facebook acc

ကျော်ထူးကတော့ " အရမ်းလေးစားရသောလူရွှင်တော်ကြီးဦးတိမ်ညွန်အားကျနော်တစ်ဆင့်ခံယူရောင်းသော(လှိုင်ဝတီကျော်)ဆန်ရောင်းဝယ်ရေးမိသားစုမှ/ဆန်/ဆီအလှုငွေကိုပေးလှုဒန်းချင်တယ်ဆိုလို့အိမ်တိုင်ယာရောက်ပို့ဆောင်ခဲ့ရသောအမှတ်တရနေ့တစ်နေ့ပေါ့ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွင် ဦးကျော်ထူးရဲ့ ဦးတိမ်ညွှန်ထံ သွားရောက်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : U Kyaw Htoo 's facebook acc

photo credit : U Kyaw Htoo 's facebook acc
photo credit : U Kyaw Htoo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။